“ဥပါယ်တံမျဉ်”ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေရရှိလာသူ နိုင်ငံရပ်ခြားက မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ ထိုင်းမင်းသမီးချောလေး Korravee ကတော့ ပွင့်ပွင့်လင်းလင်းရှိတဲ့အပြင် ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးနေတတ်လို့ ပရိသတ်တွေ အချစ်ပိုရတဲ့ သူလေးတစ်ယောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပျော်တဲ့ Korravee ကတော့ မြန်မာနိုင်ငံမှာပဲ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ သူမက လတ်တလောမှာတော့ ကော့သောင်းကမ်းခြေကို ရောက်ရှိနေပါတယ်။

Korravee ကတော့ သူမရဲ့ ဘော်ဒီအလှကို ပေါ်လွင်စေတဲ့ ရေးကူးဝတ်စုံလေးနဲ့ အရမ်းကို ဆွဲဆောင်မှုလည်းရှိ ချစ်စရာလည်းကောင်းနေပါတယ်။ ကော့သောင်းမှာ ပျော်နေတဲ့ ထိုင်းမင်းသမီးချောလေး Korravee ရဲ့ ကမ်းခြေက ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Koravee