မင်းသား Ji Chang Wook ကတော့ K2 မင်းသားဆိုပြီး မြန်မာမိန်းကလေးပရိသတ်တွေရဲ့ အသည်းကို ကိုင်လှုပ်ခဲ့တဲ့ ကိုရီးယားမင်းသားချောပါ။ အခုလက်တလောမှာတော့ သူချစ်တဲ့ပရိသတ်တွေနဲ့ခွဲပြီး စစ်မှုထမ်းနေပါတယ်။ သြဂုတ်လ(၁၄)ရက်နေ့မှာ စစ်မှုထမ်းဖို့သွားခဲ့တာဖြစ်ပြီး Ji Chang Wook စစ်မှုထမ်းသွားတာကိုလိုက်ပို့ပေးတဲ့ ပရိသတ်တွေထဲက တစ်ချို့ဆိုရင် ငိုကြွေးခဲ့ကြတာတွေတောင် ရှိပါတယ်။ စစ်မှုထမ်းတော့လည်း တကယ့်ကိုကြိုးစားခဲ့လို့ သင်တန်းကာလမှာတောင် ထူးချွန်ဆုရခဲ့ပါတယ်။ စစ်မှုထမ်းကာလကတော့ (၂၁)လ (၂ နှစ်နီးပါး) လောက် ကြာမြင့်မှာပါ။ (၂၀၁၉)ခုနှစ်ကျမှ တာဝန်ပြီးဆုံးမှာပါ။ Ji Chang Wook နဲ့  ပတ်သက်ပြီး ပရိသတ်တွေ မသိသေးတဲ့အကြောင်းတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။ 

#စိတ်ကူးထဲက ချစ်သူပုံစံ

Ji Chang Wook ရဲ့ မိန်းကလေးပရိသတ်ဆိုရင်တော့ သူဘယ်လိုကောင်မလေးပုံစံမျိုးကိုကြိုက်လဲဆိုတာ သိချင်ကြမှာပါ။ သူကြွေတဲ့ မိန်းကလေးပုံစံ၊ စိတ်ကူးထဲက သူ့ရဲ့ချစ်သူပုံစံကတော့ မင်းသမီး ဆောင်းဟေကိုလို မိန်းကလေးမျိုးလို့ သိရပါတယ်။ ဒါပေမယ့် တခြားအချက်တွေလည်း ကျန်ပါသေးတယ်။ သူ့အနေနဲ့ လွတ်လွတ်လပ်လပ် သက်သောင့်သက်သာ ပွင့်ပွင့်လင်းလင်းစကားပြောလို့ရတဲ့ မိန်းကလေးမျိုးဖြစ်ရမယ်။ ရယ်စရာလေးတွေ ပြောတတ်ပြီး ပျော်ပျော်နေတတ်တဲ့ type မျိုးကိုကြိုက်တယ်လို့ ဆိုပါတယ်။ သူနဲ့အတူ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေကို ပြောဆိုဆွေးနွေးတာမျိုးကိုလည်း ကြိုက်တယ်လို့ ဆိုပါတယ်။ ဆောင်းဟေကိုလို မိန်းကလေးမျိုးကို ကြိုက်တယ်ဆိုပေမယ့် ရုပ်ရည်ကိုကြည့်ပြီး လက်တွဲဖော်ကိုရွေးချယ်မှာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

#Ji Chang Wook  ရဲ့ ပင်ကိုယ်စရိုက်

သူ့ရဲ့ ပင်ကိုယ်စရိုက်ကတော့ စကားနည်းပါတယ်။ အိမ်မှာဆိုရင်လည်း စကားတွေအများကြီးပြောတာမျိုး သိပ်မရှိဘူးလို့ သိရပါတယ်။ ပြောရင်လည်း စကားကို တိုတိုပြတ်ပြတ်ပြောတတ်တဲ့ သူမျိုးပါ။ “My Too Perfect Sons” ဆိုတဲ့ ဇာတ်ကားမှာဆိုရင် သူ့ရဲ့ ဇာတ်ကောင်ဟာ ပင်ကိုယ်စရိုက်နဲ့ မတူဘူးလို့ သိရပါတယ်။

#သူလုပ်ချင်တဲ့ အလုပ်တွေ (သူ့ရဲ့ dream jobs)

သရုပ်ဆောင်မင်းသားမလုပ်ခင် သူဖြစ်ချင်၊ လုပ်ချင်ခဲ့တဲ့အလုပ်တွေကတော့ အများကြီးပါ။ အထက်တန်းကျောင်းသား ဘ၀တုန်းကဆိုရင် အင်ဂျင်နီယာဖြစ်ချင်တယ်။ ဒီ့ထက်ငယ်တုန်းကဆိုရင် ရဲဖြစ်ချင်တယ်၊ တရားသူကြီး၊ ရှေ့နေ၊ ဆရာ ၀န်၊ ကျောင်းဆရာ….dream jobs တွေ အများကြီးရှိပါတယ်။

#စာလေ့လာချင်စိတ်ပေါက်စေတဲ့ သူ့ရဲ့ Motivation 

အလယ်တန်းကျောင်းသားဘ၀တုန်းက ဆရာက တစ်ကျောင်းလုံး အဆင့်(၅၀)အတွင်းဝင်တဲ့ ကျောင်းသားနာမည်တွေ ကို ခေါ်ခဲ့ပါတယ်။ အားလုံးကလက်ခုပ်တီးပေးခဲ့ချိန်တုန်းက အရမ်းပျော်ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ (1-50) ထဲ မပါတဲ့အချိန်မှာတော့ အရမ်းစိတ်ထိခိုက်ခဲ့ရပါတယ်။ အောင်မြင်တဲ့အချိန်မှာ ပျော်ရတဲ့စိတ်၊ ကျရှုံးတော့ ၀မ်းနည်းရတဲ့ စိတ်၊ ဒီနှစ်ခုရဲ့ ခြားနားချက်က သူ့ကိုစာကျက်ချင်စိတ်ပေါက်စေခဲ့တဲ့ Motivation လို့ သိရပါတယ်။

#သူ့ရဲ့  Performing skill ကို ယုံကြည်မှုမရှိ

ဂီတနဲ့ပတ်သက်တဲ့ သူ့ရဲ့တင်ဆက်ဖော်ျဖြေမှု skill ကို ယုံကြည်မှုမရှိဘူးလို့ ဆိုပါတယ်။ စိတ်ကိုဖွင့်ပြီး တင်ဆက်ရမယ့်အစား စိတ်ထဲမှာ ဖိအားတွေဖြစ်နေတော့ သူ့ကိုယ်သူ ယုံကြည်မှုမရှိတာမျိုး ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

#သူအကြိုက်ဆုံးမင်းသား

သူအကြိုက်ဆုံးမင်းသားကတော့ တခြားသူမဟုတ်ပါဘူး။ ဟောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသား ဘရက်ပစ်ပါ။ အကြိုက်ဆုံးဇာတ်ကားကတော့ “The Curious Case of Benjamin Button” ပါ။

#သားလိမ္မာလေး

အမေကိုချစ်တဲ့ သားထဲမှာ Ji Chang Wook လည်းပါပါတယ်။ T-Cash ကြော်ငြာကနေရတဲ့ ငွေတွေကို အမေကို အပ်ခဲ့သူပါ။ မိခင်ဖြစ်သူဟာ စားသောက်ဆိုင်တစ်ဆိုင်မှာ အရမ်းကို ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ခဲ့ရဖူးကြောင်း၊ မိသားစုအတွက် သူလုပ်ပေးခဲ့တဲ့အရာတွေထဲမှာ ဂုဏ်အယူရဆုံး ကိစ္စတစ်ခုကတော့ ..သူတို့မိသားစုက တင်နေတဲ့အကြွေးတွေကိုဆပ်ပေးခဲ့တဲ့ ကိစ္စပါလို့ ဖြေခဲ့ပါတယ်။

#သူကြိုက်တဲ့ အရာလေးတွေ

လေ့ကျင့်ခန်းလုပ်ရတာကို အရမ်းကြိုက်ပါတယ်။ စန္ဒရားတီးသင်ခဲ့ဖူးပေမယ့် သူက သင်ရတာကို မကြိုက်ပါဘူး။ သူ တကယ်ကြိုက်တာက ဂစ်တာတီးတာပါလို့ ဖွင့်ဟခဲ့ဖူးပါတယ်။

#သူ့ရဲ့ Nickname

သူ့ကို ကျောင်းတုန်းက သူငယ်ချင်းတွေခေါ်တဲ့ နာမည်ကတော့ “Jonathan” ပါ။ မင်းသား Jonathan Rhys Meyers နဲ့ ရုပ်ချင်းတူလို့ ဒီလိုခေါ်ကြတာလို့ ဆိုပါတယ်။

#ကင်မရာကြောက်သူ

ကင်မရာရှေ့မှာ သရုပ်ဆောင်ရတာကို ကြောက်ခဲ့ဖူးတယ်လို့ ၀န်ခံခဲ့ဖူးပါတယ်။ dialogues တွေကိုဆိုရင် ကြေညက်အောင်ဖတ်လွန်းလို့ အိပ်ရင်းနဲ့တောင် ယောင်ပြောတာတွေရှိတယ်လို့ ဆိုပါတယ်။ ကင်မရာရှေ့မှာ ကြောက်ဒူးတွေ တုန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စီနီယာတွေဆီကနေသင်ရင်းနဲ့  အဆင်ပြေသွားပါတယ်လို့ သိရပါတယ်။

#သရဲနဲ့ အမြင့်ကြောက်၊ သူစိမ်းတွေနဲ့ စကားပြောရမှာကြောက်

သရဲလည်း ကြောက်တတ်သလို အမြင့်တွေလည်း ကြောက်တတ်တယ်လို့ သိရပါတယ်။ သူစိမ်းတွေနဲ့ စကားပြောရ မှာကိုလည်း ရှက်ကြောက်တတ်သူပါ။

#သူ့ကိုယ်ပေါ်က သူ ဂုဏ်အယူဆုံး အစိတ်အပိုင်း

ကြွက်သားတွေပြည့်နေတဲ့ ပခုံးက သူ ဂုဏ်ယူရတဲ့ အစိတ်အပိုင်းပါ။

#အစားတစ်လိုင်း

အစားစားရတာကတော့ သူအကြိုက်ဆုံး အလုပ်ပါ။ ၀လာမှာ၊ စားနေရရင် 6 packs ပျောက်မှာကိုတောင် လုံးဝ မစိုးရိမ်ပါဘူးလို့ ဆိုပါတယ်။ ချက်ရပြုတ်ရတာကိုလည်း ကြိုက်ပြီး Ramen ကောင်းကောင်း လုပ်တတ်လို့ သိရပါတယ်။

from k-drama

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။