Yoon Jonghoon က တော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး မင်းသားဖြစ်ပြီး လက်ရှိ နာမည်ကြီးနေတဲ့ Penthouse ဇာတ်ကားထဲမှာ ပါဝင် သရုပ် ဆောင် ထားပါတယ်။ Yoon Jonghoon က တော့  ဇာတ်ကားထဲမှာ အိမ်ထောင်သည် ကလေး အဖေ အဖြစ် သရုပ်ဆောင်ထား ပေမယ့် တကယ့် လက် တွေ့မှာတော့ Single တစ်ယောက်ပါ။ Yoon Jonghoon က တော့ အနာဂါတ် မှာ သူဘယ်လို ခင်ပွန်း မျိုး ဖြစ်ချင် လဲဆိုတာကို ထုတ် ပြောလာခဲ့ပါတယ်။ ဒီအ ကြောင်းကိုတော့ kstarlive မှာ ဖော်ပြထားပါတယ်။

Yoon Jonghoon က တော့ KBS2 ရဲ့  ‘Problem Child in House,’ မှာ ပါဝင် ခဲ့ပြီး ဇန်န၀ါရီ ၁၂ ရက်နေ့ အပိုင်းမှာတော့ Penthouse ထဲမှာ အတူ သရုပ်ဆောင် ခဲ့တဲ့ မင်းသား Ha Dokwon နဲ့ အတူ ပါဝင် ခဲ့ပါတယ်။ဆွေးနွေးပွဲ အတွင်းမှာတော့ Yoon Jonghoon က သူ့ရဲ့ စိတ်ကူးထဲက ချစ်သူပုံစံ က Kim Sook ဆိုပြီး ပြောခဲ့ပါတယ်။” Kim Sook ကို သဘောကျ တာ နှစ် အတော်ကြာပြီ..” လို့ ပြောခဲ့ပါတယ်။လက်ထပ်ပြီး ရင် ဘယ်လို ခင်ပွန်း မျိုး ဖြစ်ချင် သလဲ ဆိုတာကိုတော့..”လ က်ထပ်ပြီး ရင် တော့  ကလေးတွေ ကို စောင့်ရှောက်တာ နဲ့ အိမ်အလုပ် တွေကို လုပ်တဲ့ နေရာမှာ တာဝန်ယူ ချင်တယ်။ကောင်းကောင်းလုပ်မှာပါ..” လို့ ပြောခဲ့ပါတယ်။ Yoon Jonghoon ရဲ့ အပြော အရ တော့ သူ့ကို လက်ထပ်မယ့် မိန်းကလေး က တော့ အိမ် အလုပ်နဲ့ ကလေး ထိန်းတာကို တာဝန်ယူ စရာ မလို မယ့် အနေအထားပါ။

သူသာ Ha Yoonchul  ရဲ့  နေရာမှာ ဆိုရင်  ချောင်းဆောဂျင် နဲ့ အိုယွန်းဟီ နှစ်ယောက် ထဲက  ဘယ်သူ့ကို ရွေးမလဲ လို့ အင်တာဗျူးဟောင်း တစ်ခုမှာ မေးခဲ့ပါတယ်။ ”လက်ရှိ ဇနီးချောင်းဆောဂျင်ကိုပဲ ရွေး မှာပါ။ဒီရွေး ချယ်မှုက သူ လည်း အရာ အားလုံး အတွက် နောင် တရ နေတယ်။ကောင်းတဲ့ ဘ၀ လေးမှာ နေနေ ပြီဆိုတဲ့ အပေါ် အခြေခံ ရွေးချယ်တာပါ။ဘာပဲ ဖြစ်ဖြစ် လက်ရှိ ဇနီးနဲ့ က သမီးလေး လည်း ရှိနေပြီလေ။

ကျွန်တော်သာ Ha Yoonchul ဖြစ် ခဲ့ရင် ကျွန် တော့် မိသားစု အတွက် တိုက်ခိုက် သွားမှာပဲ။ချောင်းဆောဂျင် ရဲ့ ကောင်းကောင်းလေး နေလို့ ရ အောင် အကောင်းဆုံး ကြိုးစားသွား မှာပါ.” ဆိုပြီး ပြောခဲ့ပါတယ်။ Yoon Jonghoon က အဲ့ဒီနောက်မှာတော့ ရယ်ပြီး..” ဒီလို ပြောရတာ ရယ်စရာ တော့ ကောင်း နေပြီ။ကျွန် တော်လည်း တခါ မှ လက်မထပ်ဘူး၊မကွာရှင်းဖူးဘူးလေ။ကျွန်တော်က Single ပါ..” ဆိုပြီး ပြောခဲ့ပါတယ်။ ’Penthouse’ Season 2 ကိုတော့ ဖေဖော်ဝါရီ ၁၉ မှာ ပြမှာပါ။

#CELENOW