Baby V.O.X အဖွဲ့ရဲ့ အဆိုတော်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Yoon Eunhyeကတော့ anti-Fan တစ်ယောက်ရဲ့ ဆိုးဆိုးရွားရွားပြုမူခြင်းကို ခံခဲ့ရပါတယ်။

KBS ရုပ်သံအစီအစဉ်ရဲ့ “Happy Together”ဆိုတဲ့ အစီအစဉ်မှာ Baby V.O.X အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Kan Miyeonက  အဖွဲ့ဝင် Yoon Eunhyeတစ်ယောက် anti-fan တွေဆီကနေတိုက်ခိုက်ခံခဲ့ရတဲ့ အကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။ Kan Miyeonကတော့ ဓါးတွေနဲ့ သွေးနဲ့ ရေးထားတွေစာတွေကို ရရှိခဲ့တဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

“ကျွန်မ အဲဒီအချိန်တုန်းက အရမ်းပဲ ကြောက်ရွံ့ခဲ့ပါတယ်။ သူတို့တွေက တစ်နေ့ ကျွန်မဆီကို ရောက်လာတော့မယ်လို့ ကျွန်မထင်နေမိတယ်။ ကျွန်မတင်မကဘူး ကျွန်မရဲ့ အဖွဲ့ဝင်တွေလည်း ထိခိုက်ခဲ့ကြလို့ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရတယ်။ anti-fan တစ်ယောက်က Eunhyeရဲ့ မျက်စိတည့်တည့်ကို ရေသနတ်နဲ့ ပစ်ခဲ့လို့ Eunhyeမျက်စိ ကွယ်လုနီးပါးဖြစ်ခဲ့ရတယ်”ပြောပြခဲ့ပါတယ်။

“အဲဒီအချိန်ကစပြီး ကျွန်မလူတွေကို ရှောင်ပြီး နေတတ်လာတယ်။ ပတ်ဝန်းကျင်ကို ကြောက်တတ်လာတယ်”လို့သူမက ဆက်ပြီးတော့ ပြောပြခဲ့ပါတယ်။

Source: Kstarlive