Yoon Eun Hye တစ်ယောက် variety show မှာ မပါဝင်တာတော်တော်လေးကို ကြာခဲ့ပါပြီ။ variety show  ကို စိတ်နာခဲ့တဲ့ Yoon Eun Hye  ဟာ (၁၂)နှစ်အတွင်း ပထမဆုံးအကြိမ် variety show ပြန်လည် ရိုက်ကူးခဲ့ ပါတယ်။ tvN ရဲ့  ‘Dear My Human’ ကို ရိုက်ကူးခဲ့ပါတယ်။

နိုဝင်ဘာ(၁၅)ရက်နေ့တုန်းက Yoon Eun Hye ရဲ့ ပထမဆုံး t variety program ကို အမြဲတမ်း အဖွဲ့ဝင်အဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။”နောက်ဆုံးအကြိမ်ရိုက်ကူးခဲ့တာ ဘယ်တုန်းကလဲဆိုတာကိုတောင် မသိတော့ပါဘူး။အရင် ‘X-Man’  မှာ အမြဲတမ်းအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ဖူးပါတယ်။အရိုးသားဆုံးပြောရရင် ပရိသတ်တွေက ကျွန်မကို Baby V.O.X မှာ ပါဝင်ပြီးနောက်မှာ သတိထားမိလာခဲ့ကြတာပါ။ကျွန်မ ထင်တယ် variety show တွေက ပြောင်းလဲသွားကြပြီ။ နည်း နည်း လေးပဲ ထုတ်ပြလို့မရတော့ဘူး။ဒါကြောင့် ကျွန်မထင်တယ် အကုန်လုံးကို ချပြဖို့ သတ္တိရှိဖို့ လိုတယ်” လို့ ပြောခဲ့ ပါတယ်။

“ကျွန်မရဲ့ ကိုယ်ပိုင်အိမ်ကို ပထမဆုံး ၀ယ်ခဲ့တာပါ”လို့ ပြောပြီး သူမရဲ့အိမ်ကြီးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ဒါ့အပြင်  Happiness လို့ အမည်ပေးထားတဲ့ ငါးလသား အရွယ်ခွေးလေးနဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။