Yoo Jae Suk  ကတော့ Running Man ရဲ့ အဖွဲ့ဝင်ပါ။MC တစ်ယောက်၊ဟာသပညာရှင်တစ်ယောက် ဖြစ်တဲ့ Yoo Jae Suk ဟာ RM ရဲ့ အဓိက ပွဲထိန်းသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။RM အဖွဲ့ဝင်တွေထဲမှာ လူချစ် လူခင် အခံရဆုံးအဖွဲ့ဝင်တွေထဲက တစ်ယောက်ပါ။Yoo Jae Suk ကို ကလေးလူကြီး၊အမျိုးသား၊အမျိုးသမီး မရွေး ချစ်ကြပါတယ်။သူ့ရဲ့ သဘောကောင်းတဲ့စိတ်၊ဖော်ရွေတဲ့ စိတ်နဲ့ လူကြီးလူကောင်းပီသတဲ့ စိတ်တွေက ပရိသတ်တွေ အတွက် အချစ်ပိုစရာဖြစ်ခဲ့တာပါ။အမျိုးသမီးပရိသတ်တွေနဲ့ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေအပေါ် အသားမယူ တတ်တဲ့ ဆယ်လီစာရင်းထဲမှာ တစ်ယောက်အပါအ၀င်ပါ။

အွန်လိုင်းပေါ်မှာ RM နဲ့ပတ်သက်တဲ့ ဗီဒီယိုတစ်ချို့ထွက်ပေါ်နေပါတယ်။အဲ့ဒီမှာ အဓိကပြထားတာကတော့ အဖွဲ့ဝင် တွေရဲ့ အပြုအမူတွေပါ။အမျိုးသမီးဧည့်သည်တွေအပေါ် ဘယ်လို ဆက်ဆံလဲဆိုတာကို ပြထားတာပါ။Running Man အပိုင်းတစ်ခုက ပုံပါ။(၂၀၁၆)တုန်းက အပိုင်းတစ်ပိုင်းပါ။အဲ့ဒီမှာဆိုရင် Yoo Jae Suk, Lee Kwang Soo နဲ့ Kim Jong Kook တို့ ပါဝင်ခဲ့ပါတယ်။သူတို့ဟာ အမျိုးသမီးဧည့်သည်တွေ ကို ချီပြီး ဘားတန်းအောက်ကနေ လျှောထွက် ရမှာပါ။

Kim Jung Kook နဲ့ Kwang Soo တို့ကတော့ သူတို့ရဲ့ မစ်ရှင်စိန်ခေါ်မှု အောင်မြင်ရေးကိုပဲ အဓိက ထားပြီး လုပ်ခဲ့ပါတယ်။မြန်မြန်လုပ်ပြီး နိုင်ဖို့ကိုပဲ အဓိကအာရုံစိုက်ခဲ့တာပါ။ဒါပေမယ့် Yoo Jae Suk  ကတော့ ဘယ်လောက် တောင်မှ လူကြီးလူကောင်းဆန်သလဲဆိုရင် ဘောင်းဘီတိုဝတ်ထားတဲ့ အမျိုးသမီးဧည့်သည် Sejeong ရဲ့ ဘာမှ မပါ တဲ့ ခြေထောက်အသားကို ဒီအတိုင်းထိလိုက်ရင် တစ်ဖက်မိန်းကလေးရဲ့ စိတ်ထဲမှာ အဆင်မပြေခံစားရမှာ စိုးလို့  စောင်ကို ခံပေးခဲ့ပါတယ်။ Noh Sa Yeon နဲ့မှာလည်း အဲ့ဒီ လိုပဲ လုပ်ခဲ့တာကြောင့် အရမ်းကို gentleman ဆန်တဲ့ အပြုအမူအပေါ် ပရိသတ်တွေက ချီးမွမ်းခဲ့ကြပါတယ်။

ဘား တန်းအောက်ကနေ လျှောချဖို့မှာတော့ Sejeong ကိုနောက်ဆုံးမှာ လွှတ်ချပြီး အရှုံးပေးခဲ့ပါတယ်။ Sejeong  အဆင် မပြေမှာ စိုးလို့ တမင်လွှတ်ချခဲ့ပုံရပါတယ်။ပြိုင်ပွဲမှာတော့ အရှုံးသမားလို့ သတ်မှတ်ခံရကောင်းခံရနိုင်ပေမယ့် သူ့ရဲ့ လူကြီးလူကောင်းဆန်မှုနဲ့ ယဉ်ကျေးတဲ့ အပြုအမူကြောင့် ပရိသတ်တွေရဲ့ နှလုံးသားကိုတော့ အောင်မြင်စွာ သိမ်း ပိုက်နိုင်ခဲ့ပါတယ်။

Source koreboo