Yoo Jae Suk က တော့ ပရိသတ်တွေ လေးစားချင်ခင်ရတဲ့ comedian, host ၊ television personality တစ်ယောက်ပါ။ “Nation’s MC” ဆိုပြီး အသိအမှတ်ပြု ခံ ထားရ သူပါ။ Yoo Jae Suk က တော့ နွမ်းပါးတဲ့ မိသားစုက ဆယ်ကျော်သက် မိန်းကလေး ငယ်လေးတွေ အတွက် အမျိုးသမီး သုံး ပစ္စည်းတွေ ထောက်ပံ့ပေးအပ် နိုင် ဖို့ အတွက် ၀မ်သန်း (၅၀) လှူဒါန်း ပေးခဲ့ပါတယ်။အမေရိကန် ဒေါ်လာ နဲ့ ဆိုရင် တော့ ($45,554) လောက် ရှိပါတယ်။ဒီအ ကြောင်းကိုတော့ All Kpop မှာ ဖော်ပြထား တာပါ။

ဇန်န၀ါရီ ၁၁ ရက် နေ့က သတင်း ဖော်ပြချက်တွေ အရ Yoo Jae Suk က G Foundation ကို ၀မ်သန်း ၅၀ လှူခဲ့တာပါ။အမျိုးသမီးတွေ လိုအပ် တဲ့ လစဉ် သုံး ပစ္စည်း အပါအ၀င် တခြား အမျိုးသမီး သုံး ပစ္စည်းတွေ ကို ထောက်ပံ့ လှူဒါန်း ပေးမှာပါ။ဒီငွေ တွေ နဲ့ ဆိုရင် တော့ ၆ လစာ Pad ၊အမျိုးသမီး သန့်စင် ဆေးရည်၊လက်ရေး စာ တွေ ..တခြားသော အရာတွေ နဲ့ အတူတူ ထောက်ပံ့ပေးသွားမှာပါ။ G Foundation CEO Park Chung Kwan  က တော့ ..

”ဆယ်ကျော် သက် တွေ အတွက် နွေးထွေးတဲ့ နှလုံးသားနဲ့ ဒီလို လှူဒါန်း မှု မျိုး တွေလုပ် ပေးလို့ Yoo Jae Suk ကို ကျေးဇူး တင် ချင်ပါတယ်။Pad တွေ ကို အမျိုးသမီး အားလုံး အတွက် လှူမှာပါ။ G Foundation အနေနဲ့ လည်း သူတို့ လေးတွေ pad ထုပ် မပျက် ရ အောင် အကောင်းဆုံး ကြိုးစားပေးသွားမှာပါ..’ လို့ ပြောခဲ့ပါတယ်။ Yoo Jae Suk က တော့ မနှစ် က လည်း ဒီလို လှူဒါန်း မှုမျိုး လုပ်ခဲ့ပါ သေးတယ်။’Yoo Quiz on the Block’ ဆိုတဲ့ စီးရီးသစ် အတွက် Yoo Jae Suk နဲ့ Jo Se Ho  တို့က တင်ဆက် သူ အဖြစ် ဆက်လက် ပါဝင်သွားမှာပါ။

#CELENOW