သရုပ်ဆောင် Yoo Ah In ကတော့ သူ့ရဲ့ IG ကို ပုံလေးတစ်ပုံ တင်ရင်းနဲ့ update လုပ်ခဲ့ပါတယ်။ သူတင်လိုက်တဲ့ ဓာတ်ပုံကြောင့် ပရိသတ်တွေကတော့ လက်ရှိအချိန်မှာ အရမ်းကို စိတ်ဝင်တစားနဲ့ အငြင်းပွားနေလျက် ရှိပါတယ်။

Yoo Ah In ကတော့ လမ်းဘေးဆိုင်လေးမှာ ရှိနေတဲ့ fish cake မှာ ဝယ်စားထားတဲ့ပုံ ဖြစ်ပြီး ပုံထဲမှာတော့ fish cake အစပ် သုံးချောင်းပဲ ရှိပါတယ်။ သူကတော့ ဒီပုံလေးကိုပဲ တင်ခဲ့တာ ဖြစ်ပြီး ဒါဆို လုံလောက်ပြီလို့ caption တပ်ထားခဲ့ပါတယ်။

 

ပရိသတ်တွေကတော့ ဒီပုံလေးကို ကြည့်ပြီး အမျိုးမျိုး ထင်မြင်ချက်တွေ ပေးပြီး အငြင်းပွားနေလျက် ရှိပါတယ်။ ဒါကတော့ ပုံထဲမှာ fish cake သုံးကြောင်းပဲ ရှိနေရတဲ့ အကြောင်းအရင်းကို ပြောနေကြတာ ဖြစ်ပါတယ်။

 

တောင်ကိုရီးယားတွေအတွက်တော့ တော့ပိုကီတို့၊ fish cake အစရှိတာတွေက အမြဲလိုလို စားနေကြတဲ့ အရာတွေ ဖြစ်လို့ အခုလို အငြင်းပွားကြတယ် ထင်ပါတယ်။ သူတို့တွေကတော့ တို့ပူးကြော်ရော ထည့်မစားဘူးလား၊ တကယ်ပဲ “အဲ့ဒါလေးနဲ့ လုံလောက်တာလား” “အစားနည်းလိုက်တာ” “တကယ် သုံးချောင်းတည်း စားတယ်ပေါ့” “တော့ပိုကီရော မစားဘူးလား” စသဖြင့် ပြောဆိုနေကြပြီး အစားစားပုံကို အကဲဖြတ်နေတဲ့ သူတွေ ရှိပါတယ်။

 

 

တစ်ချို့ ပရိသတ်တွေကတော့ ဘာလို့ Yoo Ah In က ဒီလို စားတယ်ဆိုတာကို ထင်မြင်ချက်တွေ ပေးနေကြပါတယ်။ တချို့ကတော့ သူတို့လည်း အဲ့လောက်ပဲ စားတယ်ဆိုတာကြောင့် ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပြီး တစ်ချို့ကတော့ “၈ ချောင်းလောက်စားပြီးမှ သုံးချောင်းလောက် ကျန်တာမလား” စသဖြင့် ထင်မြင်ချက်တွေ ရေးနေလျက် ရှိပါတယ်။

တကယ်ပဲ Yoo Ah In မို့လို့ကို ပရိသတ်တွေက ဒီလိုမျိုး ပုံလေးကြောင့်နဲ့ စိတ်ဝင်စားနေကြရတာပဲ ဖြစ်ပါတယ်။

Kham