“After School” ရဲ့ အဖွဲဝင်ဟောင်းတစ်ဦးဖြစ်တဲ့ NaNa ဟာ ဆိုရင်တော့ အရမ်းကိုလှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားလို့  “Barbie Doll Body” ဆိုပြီးတော့တောင် အခေါ်ခံရပါတယ်။

လတ်တလောကမှပြုလုပ်သွားတဲ့ အင်တာဗျူးတစ်ခုမှာ NaNa ကို ဘာဘီလို ခန္ဓာကိုယ်အမျိုးအစားကို ထိန်းထားဖို့အတွက် ဘာတွေလုပ်လဲလို့မေးတဲ့အခါ NaNa က ၀ိတ်ချတဲ့နည်းလမ်းတွေတော့ လုပ်လေ့မရှိဘူးလို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ အဖြေကတော့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

NaNa ဟာ အရပ် (၅)ပေ (၆)လက်မရှိပြီး ကိုယ်အလေးချိန် (၁၁၂)ပေါင်ရှိပါတယ်။ NaNa ဟာ အံသြစရာကောင်းလောက်အောင်လှတဲ့ ခန္ဓာကိုယ်အချိုးအစားရှိရုံသာမက ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့အလှဆုံး မျက်နှာပိုင်ဆိုင်သူစာရင်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

“Barbie Doll Body”လို့အခေါ်ခံရတာ နည်းနည်းရှက်ပေမဲ့လည်း ကျေးဇူးတင်ပါတယ်လို့ပြောခဲ့ပါတယ်။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။