ကိုရီးယားမင်းသမီးချောလေး Park Shinhye ကတော့ သူမအကြိုက်ဆုံး ဆံပင်စတိုင် အကြောင်းကို အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။ ရှန်ပူကြော်ငြာတစ်ခုအတွက် အင်တာဗျူးမှာ ဖြေခဲ့တာပါ။ တရုတ်မှာ ရှန်ပူ Brand တစ်ခုကို ပရိုမိုးရှင်းလုပ်တဲ့ အင်တာဗျူးပါ။
အဲ့ဒီမှာတော့ Park Shinhye ကို ဘယ်လို Hairstyle မျိုးကို အကြိုက်ဆုံးလဲလို့ မေးခဲ့ပါတယ်။ အဲ့ဒီ အခါမှာတော့ “ကျွန်မက လှိုင်းတွန့် (wavy hair) ပုံစံမျိုးကို ကြိုက်တယ်။ ကျွန်မရဲ့ ပုံမှန် ဆံပင်စတိုင်ကလည်း အဲ့ဒီလိုမျိုးပါပဲ။ ‘Doctors’ ဇာတ်လမ်းတွဲထဲက ဆံပင်ပုံစံကတော့ ကျွန်မ အကြိုက်ဆုံး ပုံစံပါ” လို့ ဖြေခဲ့ပါတယ်။ ဒီလိုဆံပင်ပုံစံကို ကြိုက်ရတဲ့ အကြောင်းအရင်းကတော့……
“ကျွန်မ နေ့တိုင်းလေ့ကျင့်ခန်းလုပ်တော့ နေ့တိုင်းခေါင်းလျှော်ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး “အိပ်ပြီဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်တတ်တယ်။ ဒါက အကျင့်တစ်ခုလိုတောင်ဖြစ်နေပါပြီ။ အိပ်ရေးဝအောင်အိပ်ပြီးရင် ရုပ်ရှင်ရိုက်ရတာ ပိုအဆင်ပြေတယ်” လို့ ပြောခဲ့ပါတယ်။
from kstarlive

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။