Red Velvet ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Joy နဲ့  မင်းသား Woo Dohwan  တို့ရဲ့ ဇာတ်ဝင်ခန်း တစ်ခန်း ကတော့ အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။သူတို့နှစ်ယောက်ပါဝင်ထားတဲ့ ‘Tempted,’ ဒရမ်မာကားထဲက ဇာတ်ဝင် ခန်းပါ။အဲ့ဒီိအခန်းထဲက အနမ်းခြွေတဲ့ အခန်းက နာမည်ကြီးနေတာပါ။

နှစ်ယောက်လုံးက စတိုးဆိုင်တစ်ခုထဲမှာ အနမ်းခြွေခဲ့တာပါ။ဒီကားထဲမှာတော့ Eun Taehee (Joy ရဲ့ ဇာတ်ကောင် နာမည်) နဲ့ Kwon Sihyun (Woo Dohwan ရဲ့ ဇာတ်ကောင်နာမည်) တို့ နှစ်ယောက်စတိုးဆိုင်ထဲမှာ စကား ပြော နေခဲ့ကြတာပါ။အဲ့ဒီမှာတော့ Sihyun က ခံစားချက်တွေကို ရင်ဖွင့်ခဲ့ပါတယ်။ကြည့်ရှုသူတွေကတော့ ဒီဇာတ်ဝင် ခန်းကို အတော်လေးနှစ်ခြိုက်သဘောကျနေတာကို တွေ့ရပါတယ်။

source ksatrlive