Um Ki Joon က တော့ တောင်ကိုရီးယား မင်းသား ဖြစ်ပြီး အသက်က တော့ ၄၄ နှစ်ရှိနေပါပြီ။လက်ရှိမှာ အ ရမ်းကို နာမည်ကြီး နေတဲ့ The Penthouse: War in Life ဆို တဲ့ ဇာတ်ကားထဲမှာ ပါဝင် သရုပ် ဆောင် ထားပါတယ်။မကြာ သေးခင်က SBS ရဲ့ My Little Boy အစီအစဉ် မှာတော့ Um Ki Joon က သူလိုချင်တဲ့ စိတ်ကူးထဲက ချစ်သူပုံစံ က ဘယ်လို မျိုးလဲ ဆိုတာ ထုတ် ပြော ခဲ့ပါတယ်။အခုထိ လက် မထပ် ရသေး တဲ့ Um Ki Joon ရွေးချယ်လိုက်တဲ့ ပုံစံ အကြောင်းကိုတော့ Koreaboo မှာ အခုလို ဖော်ပြထားပါတယ်။

 

View this post on Instagram

 

A post shared by sidusHQ (@sidushq_star)

သူအနေနဲ့က တော့ ကိုယ်ရည်ကိုယ်သွေး တောက်ပတဲ့ အမျိုးသမီး မျိုးကို သဘောကျ ကြောင်း၊အသက်ကြီးလာတာနဲ့ အမျှ ဒိတ် ရတာကို ပိုပြီး ချေး များလာ တယ်လို့ လည်း ဆိုပါတယ်။”ကျွန်တော်က ချေးများတဲ့ လူလို့ ကိုယ့်ကိုယ်ကို ခံစားရတယ်။အသက်ကြီး လာတော့ အမျိုးသမီး တွေနဲ့ စ တွေ့ လိုက်ပြီ ဆိုတာ နဲ့ သူတို့ရဲ့ အပြစ်အနာအဆာကို အရင် ဆုံးမြင် မိသွားတယ်..” လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by ki joon… (@werther777)

ဒါပေမယ့် သူ့မှာလည်း စိတ်ကူးထဲက ချစ်သူပုံစံ ရှိ ပြီး ဘာကြောင့် ရွေးချယ်ရသလဲ ဆိုတာကိုပါ ထုတ်ပြော ခဲ့ပါတယ်။” Moon Geun Young က ကျွန် တော့်ရဲ့ စိတ်ကူးထဲက ချစ်သူ ပုံစံ မျိုး ဖြစ်ခဲ့ဖူးတယ်။သူသရုပ်ဆောင်ထားတဲ့ ဇာတ်ကားကို ကြည့်မိတုန်းက သူမမှာ strong impression ရှိတယ်လို့ ခံစား ရတယ်။သူ့ အသက် အရွယ် လေး နဲ့ ဘယ်လို များ ဒီလို သရုပ်ဆောင်နိုင်တာပါလိမ့်လို့ အံ့သြမိတယ်..”

အသက် ၄၄ နှစ်ရှိနေတဲ့ Um Ki Joon က တော့ အရင်တုန်းက အသက် ၄၀ လောက် ဆိုရင် လက်ထပ်မယ်လို့ ရည်မှန်း ထားခဲ့ ဖူး တယ်လို့ လည်း ၀န်ခံခဲ့ပါတယ်။အခု  ၄၀ လောက် ဖြစ်လာချိန်မှာတော့ ၅၀ လောက်ကျရင် မိသားစု ဘ၀ ပိုင်ဆိုင် ချင် တယ်လို့ ဆိုပါတယ်။ Um Ki Joon က တော့ လက်ရှိပြသ နေတဲ့ The Penthouse: War in Life ဆိုတဲ့ ဇာတ်ကားမှာ မိန်းမကျမ်း ကြေ တဲ့ CEO သူဌေး ကြီး၊ကလေး နှစ်ယောက် အဖေ အဖြစ် သရုပ်ဆောင်ထားပါတယ်။

#CELENOW