မင်းသားချော Jo Jung Suk နဲ့ Girl’s Day ရဲ့ အဖွဲ့ဝင် Hyeri တို့ဟာကတော့Harper’s Bazaar မဂ္ဂဇင်းအတွက် ဓါတ်ပုံ ရိုက်ကူးပေးခဲ့ပါတယ်။ဒီဇင်ဘာလထုတ် အတွက်ရိုက်ကူးပေးခဲ့တာပါ။သူတို့နှစ်ဦးဟာ  MBC ရဲ့ ဒရမ်မာ ဇာတ်ကားသစ် “Two Cops,” မှာ အတူတူပါဝင်သရုပ်ဆောင်ထားကြပါတယ်။အဲ့ဒီဇာတ်ကားဟာ နိုဝင်ဘာ (၂၇) ကျရင် ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။

ဒီကားမှာတော့ Jo Jung Suk က စုံထောက်အဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။Hyeri ကတော့ ရည် မှန်း ချက်ကြီးတဲ့ သတင်းထောက်အဖြစ် ပါဝင်ထားတယ်လို့ သိရပါတယ်။အတူတွဲဖက်သရုပ်ဆောင်တဲ့ အခါ တစ်ဦးနဲ့တစ်ဦး မြင်တဲ့ အမြင်ကိုမေးတဲ့ အခါမှာတော့ အပြန်အလှန်ချီးကျုးပြောဆိုကြတာတွေကိုတွေ့ရပါတယ်။

Jo Jung Suk က “Hyeri ဟာ အလုပ်လုပ်တဲ့အခါမှာ အရမ်းစမတ်ကျပါတယ်။အရမ်းလည်း တော်ပါတယ်။ဥာဏ်ေ ကာင်းတဲ့ မင်းသမီးတစ်ယောက်ပါ။ဇာတ်ညွှန်းတစ်ခုလုံးကို ကောင်းကောင်း ပိုင်းခြားနိုင်တဲ့ အစွမ်းရှိပါတယ်” လို့ ပြောခဲ့ပါတယ်။ Hyeri  ကတော့” Jo Jung Suk ကို ဇာတ်ကောင်ကို စိတ်ဝင်စားချင်စရာ ဖြစ်အောင် လုပ်နိုင်တဲ့ အစွမ်းရှိသူပါ” လို့ ချီးကျုးခဲ့ပါတယ်။

သူတို့နှစ်ယောက်ကို လာမယ့်ခရစ်စမတ်မှာ ဘာလက်ဆောင်လိုချင်လဲလို့ မေးတဲ့ အခါမှာတော့  Hyeri ကခရစ်စမတ်ကိတ် လိုချင်တယ်လို့ ဖြေခဲ့ပါတယ်။Jo Jung Suk ကတော့ “အချိန်” လို့ ဖြေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ “အသက် (၂၀) အရွယ်တုန်းက ထက် အသက်(၃၀) ကို ရောက်တဲ့အခါမှာ အချိန်ကုန်တာ ပိုမြန်လာတယ်လို့ ကျွန်တော်ထင်လို့ပါ” လို့ ဖြေခဲ့ပါတယ်။

from soompi

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။