တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ TWICE မှ အဖွဲ့ဝင် Chaeyoung ဟာ အသက်၃၀ဝန်းကျင်အရွယ်ရှိတဲ့ တက်တူးဆရာ Chimhwasa (Jung Sung Hyun) နဲ့ ဒိတ်နေကြတယ်လို့ ကောလဟာလတွေထွက်နေပါတယ်။ မကြာသေးခင်က Chimhwasa ရဲ့ Instagram acc ကို follow လုပ်ထားတဲ့ ပရိသတ်တစ်ဦးက Chaeyoung နဲ့ Chimhwasa တို့တွဲနေတယ်လို့ ယူဆရတဲ့ ဓာတ်ပုံအချို့ကိုတွေ့ရှိခဲ့တာပါ။

Instagram/kapanlagikorea

အဆိုပါပရိသတ်ကပဲ Chimhwasa ဆွဲထားတဲ့ ခဲခြစ်ပန်းချီတွေထဲက အမျိုးသမီးဟာ ဘယ်ဘက်မေးစေ့နားလေးမှာ မှဲ့ပါနေတဲ့အတွက် ဒါ Chaeyoung ကိုရည်ရွယ်ပြီးဆွဲထားတာလို့ သုံးသပ်ထားပါတယ်။

Instagram/kapanlagikorea

ဒါ့အပြင် စုံတွဲလက်စွပ်လို့ထင်ရတဲ့ ပုံစံတူလက်စွပ်တစ်ကွင်းကို Chaeyoung ရော Chimhwasa ပါ ဘယ်ဘက်လယ်သူကြွယ်မှာဝတ်ထားကြတဲ့အတွက် အားလုံးက သို့လောသို့လောဖြစ်နေခဲ့ကြတာပါ။ နောက်ထပ်အွန်လိုင်းပေါ်က ဓာတ်ပုံတစ်ပုံမှာလည်း သူတို့နှစ်ဦး အတူတကွဈေးဝယ်ထွက်နေတာကို တွေ့လိုက်ရတဲ့အတွက် နှစ်ယောက်တွဲနေတယ်ဆိုပြီးယုံကြည်နေတာဖြစ်ပါတယ်။

Instagram/kapanlagikorea

ပရိသတ်တွေက အခုလို ထင်ကြေးပေးနေကြပေမယ့် ကာယကံရှင်တွေကိုယ်တိုင် ကတော့ တစ်စုံတစ်ရာမပြောကြသေးပါဘူး။ အခုလို အွန်လိုင်းပေါ်မှာ အငြင်းပွားစရာတွေဖြစ်လာအပြီး Chimhwasa ရဲ့Instagram Acc ကပိတ်သွားတာကြောင့် ပရိသတ်တွေရဲ့သံသယတွေပိုကြီးထွားလာကြောင်းလည်း koreaboo အရ သိရပါတယ်။

CeleNow