တောင်ကိုရီးယားနိုင်ငံရဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ မင်းသားတွေဟာ သရုပ်ဆောင်မှုတွေပီပြင်ရုံသာမက ရုပ်ရည်လည်း ချောမေားကြလို့ နှုတ်ခမ်းနီမလေးတွေရဲ့အားပေးမှုတွေကို တစ်ခဲနက် ရနေပါတယ်။ ကိုရီးယားရုပ်ရှင်ဂီတဟာ ကမ္ဘာတစ်ဝှမ်းလုံးအထိ နာမည်ကြီးတဲ့ထိ အောင်မြင်နေပါတယ်။ လက်ရှိ ပျိုမေတို့အသည်းစွဲ၊ ဆွဲဆောင်မှုအရှိဆုံး တောင်ကိုရီယားမင်းသားချောတွေကို ဖော်ပြပေးထားပါတယ်။

(၁) Kim Soo Hyun

မင်းသားချောလေး Kim Soo Hyun ကတော့ “My Love from the star” နဲ့ နာမည် ရလာခဲ့သူပါ။ နောက်ဆုံးထွက်ရှိထားတဲ့ “Real” အက်ရှင်ဇာတ်ကားရဲ့ တချို့ဇာတ်ဝင်ခန်းတွေကြောင့်လည်း ဝေဖန်မှုတွေ ခံခဲ့ရပေမယ့်၊ သူရဲ့ အောင်မြင်မှု မှတ်တိုင်အသစ်လို့ ဆိုရမယ့်ဇာတ်ကား ဖြစ်ပါတယ်။ သူ့မွေးနေ့ကတော့ (၁၉၈၈) ခုနှစ်၊ ဖေဖော်ဝါရီ (၁၆) ဖြစ်ပါတယ်။

(၂) Song Joong Ki

မြန်မာ့ပရိသတ်တွေက မင်းသား Song Joong Ki ကိုတော့ “DOTS” ရုပ်ရှင်ဇာတ်လမ်းတွဲနဲ့ ရင်နှီးနေကြမှာပါ။ သူဟာ မကြာသေးခင်ကမှ DOTS မင်းသမီး Song Hye Kyo နဲ့လက်ထပ်ခဲ့ပေမယ့် ပရိသတ်အားပေးမှုကတော့ ရော့မသွားခဲ့ပါဘူး။ သူတို့ဟာ သာယာတဲ့ အိမ်ထောင်ရေးဘ၀ကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ သူ့မွေးနေ့ကတော့ စက်တင်ဘာ (၁၉) ဖြစ်ပြီး (၁၉၈၅) ခုနှစ်ဖွားဖြစ်ပါတယ်။

(၃) Lee Jong Suk

မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော် မင်းသားချော Lee Jong Suk ကိုတော့ “W” ရုပ်ရှင်ဇာတ်လမ်းတွဲကနေ စသိခဲ့ပြီး သူ့နှုတ်ခမ်းကြောင့်လည်း ဆွဲဆောင်မှုရှိတဲ့ မင်းသားအဖြစ် နာမည်ရလာခဲ့ပါတယ်။ သူ့မွေးနေ့ကတော့ စက်တင်ဘာ (၁၄) ဖြစ်ပြီး (၁၉၈၉) ခုနှစ်ဖွား ဖြစ်ပါတယ်။

(၄) Ji Chang Wook

မင်းသားချော Ji Chang Wook ကတော့ “Healer” ရုပ်ရှင်ဇာတ်လမ်းတွဲမှာ မင်းသမီး Park Min Young နဲ့အတူ အကောင်းဆုံး သရုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့မွေးနေ့ကတော့ ဇူလိုင် (၅)ရက်ဖြစ်ပြီး (၁၉၈၇) ခုနှစ်ဖွား ဖြစ်ပါတယ်။

(၅) Lee Dong Wook

မြန်မာ့ပရိသတ်တွေကတော့ Lee Dong Wook ကို “My Girl” ရုပ်ရှင်ဇာတ်လမ်းတွဲမှာ စတင်သိခဲ့ကြပြီး “Goblin” ရုပ်ရှင်ဇာတ်လမ်းတွဲကလည်း သူ့ကို နာမည်ပိုကြီးစေခဲ့ပါတယ်။ သူ့မွေးနေ့ကတော့ နိုဝင်ဘာ (၆)ဖြစ်ပြီး (၁၉၈၁) ခုနှစ်ဖွား ဖြစ်ပါတယ်။

(၆) Lee Min Ho

မင်းသားချော Lee Min Ho ရဲ့ပရိသတ်တွေကတော့ Lee Min Ho ဆိုတာနဲ့ ” Boys Over Flowers” ရုပ်ရှင်ဇာတ်လမ်းထဲက ဂူဂျွန်ဖြိုးကို ပြေးမြင်နေကြမှာပဲဖြစ်တယ်။ နောက်ပိုင်း သူရဲ့ “City Hunter”၊ ” The Heirs” ရုပ်ရှင်ဇာတ်လမ်းတွဲတွေကလည်း အရမ်းကို အောင်မြင်မှုရရှိခဲ့ပါတယ်။ သူ့မွေးနေ့ကတော့ ဇွန် (၂၂) ဖြစ်ပြီး (၁၉၈၇) ခုနှစ်ဖွားပဲဖြစ်တယ်။

(၇)  Park Bo-Gum

မင်းသားချောလေးက Park Bo-Gum က ” Love in the Moonlight” ရုပ်ရှင် ဇာတ်လမ်းတွဲနဲ့ နာမည်ရလာခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့ကတော့ ဇွန်(၁၆) ဖြစ်ပြီး (၁၉၉၃) ခုနှစ်ဖွားပဲဖြစ်ပါတယ်။ ဆုတွေလည်း အများကြီးရရှိထားသူ လည်းဖြစ်ပြီး အောင်မြင်မှုအတွက် အနုပညာလှုပ်ရှားမှုတွေလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။

source : herinterest