တောင်ကိုရီးယားရဲ့ အလန်းဆုံး အချောဆုံး CEO လို့ တောင် သတ်မှတ် လို့ ရသူတစ်ယောက်ရဲ့ အကြောင်းကိုkoreaboo မှာ ဖော်ပြထားပါတယ်။ နာမည်ကတော့ Kim Jae-joong ဖြစ်ပြီး အားလုံးကတော့ Jaejoong ဆိုပြီး လူသိများပါတယ်။

Jaejoong ကစီးပွားရေးသမား စစ်စစ်ကြီးလို့ တော့ ပြောလို့ မရပါဘူး။သူဟာ တောင်ကိုရီးယား  pop group JYJ ရဲ့ အဖွဲ့ ၀င်တစ်ယောက်ပါ။ အဆိုတော် ၊တေးရေး၊သရုပ်ဆောင် ၊ဒါရိုက်တာ လည်း ဖြစ်သလို အခုဆိုရင်တော့ လုပ်ငန်း ရှင် CEO တစ်ယောက်လည်း ဖြစ်ပါတယ်။  သူ့ရဲ့ အသက်ကတော့ (၃၁)နှစ်ပါ။

အောင်မြင်တဲ့ CEO တစ်ယောက် အဖြစ်ပါ ရပ်တည်လာနိုင်ခဲ့တဲ့ Jaejoong ဟာ ဂျပန်မှာ ဖွင့်လှစ်လိုက်တဲ့  KAVE malls ရဲ့ CEO ပါ။ဖွင့်ပွဲကိုတော့ သြ ဂုတ်လ(၁၂)ရက်နေ့ကမှ ကျင်းပပြုလုပ်ခဲ့တာပါ။

KAVE malls ဟာ တိုကျိုမြို့က Shibuya မှာတည်ရှိပါတယ်။စီးပွား ရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ်ပါ စတင်ရပ်တည်လာခဲ့ပြီဖြစ်တဲ့ Jaejoong  ဟာ တောင်ကိုရီးယားရဲ့ အလန်းဆုံး CEO ဆိုတာ အငြင်းပွားစရာ တောင် မလိုပါဘူး။KAVE shopping mall ဖွင့်ပွဲမှာတော့ အရင်တည်းက ဆယ်လီ စတားတစ်ယောက် ဖြစ်တာကြောင့် လာအားပေးတဲ့ ပရိသတ်တွေနဲ့ အတော်ေ လး စည်ကားခဲ့တာကို တွေ့ရပါတယ်။

ဖွင့်ပွဲနဲ့အတူ ဖက်ရှင်နဲ့ Hair show ပါကျင်းပခဲ့ပြီး B.A.P ရဲ့ Yongguk၊ဆံပင် ပညာရှင် hair stylist GUNHEE တို့လည်း တက်ရောက်ပေးခဲ့တာကို တွေ့ရပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။