online shopping mall မော်ဒယ်တစ်ယောက် ကိုရီးယားမှာ အတော်လေး နာမည်ကြီးနေ ပါတယ်။ပိန်ပိန် သွယ်သွယ်လေးတွေကမှ လှတယ်ဆိုတဲ့ ကိုရီးယားရဲ့ အလှအပနဲ့ပတ်သက် စံနှုန်း တွေကို ပြောင်းပြန်လှန် ရိုက်ချိုးပစ်ခဲ့သူလေးပါ။
ပိန်ပိန်သွယ်သွယ်လေး ဖြစ်ဖို့ နာမည်ကြီး ဆယ်လီ တွေတောင်မှ အသည်းအသန်ဝိတ်ချနေတဲ့ အချိန်မှာ ပိန်ပိန်သွယ်သွယ်မှ လှတာ မဟုတ်ပဲ ပြည့်ပြည့် ဖြိုးဖြိုးနဲ့ BODY ဟာလည်း လှတယ် ဆိုတာကို သူမက သက်သေပြခဲ့တာပါ။
ကိုရီးယားမှာ ဆိုရင် ရှားပါးတဲ့ BODY ပုံစံ လုံးကြီးပေါက်လှ ကောက်ကြောင်းကို ပိုင်ဆိုင်ထားသူ သူမရဲ့ နာမည်ကတော့ Jeon Bo Ram ပါ။online shopping mal ရဲ့ မော်ဒယ်တစ်ယောက် တင် မဟုတ်ပါဘူး။
သူမဟာ ပိုင်ရှင်လည်း ဖြစ်ပါတယ်။သူမရဲ့ ၀ဘ်ဆိုက်ပေါ်မှာ ရောင်းသ မျှ အ၀တ်တွေအားလုံးရဲ့ ပင်တိုင်မော်ဒယ်အဖြစ် ကိုယ်တိုင် ဆောင်ရွက်နေသူပါ။ထူးခြားတဲ့ ခန္ဓာကိုယ် ကြောင့်လည်း အွန်လိုင်းပေါ်မှာ ရေပန်းစားခဲ့ပါတယ်။
ပိန်ပိန်သွယ်သွယ်တွေ ၀တ်တာထက် သူမလို အကိတ် body က ၀တ်ပြလိုက်မှ အ၀တ်အစားေ တွဟာ ပိုပြီးတော့တောင် စတိုင်ကျ လှပနေတာကို တွေ့ရပါတယ်။သူမရဲ့ ဓါတ်ပုံတွေက တော့ အွန်လိုင်းမှာ ပျံ့နှံ့ နာမည်ကြီးနေပါတယ်။
ရုပ်ရည်က အရမ်းအချောကြီး မဟုတ်ပေမယ့် ကိုရီးယားမှာ တွေ့ရခဲတဲ့ တမူထူးခြားတဲ့ သူမရဲ့ Body အချိုးအစားကြောင့် လူတွေက အလွယ်တကူ သတိပြုမိပြီး နာမည်ကြီးသွားခဲ့တာပါ။
Ref;.koreaboo