ကြည့်ရှုသူအရေအတွက် စံချိန်တင်နိုင်ခဲ့တဲ့ ‘Descendants of the Sun’ ကို ကျော်တက်တော့မယ့် ဇာတ်ကားသစ်တစ်ကားပေါ်လာပါပြီ။ KBS ရဲ့ ဒရမ်မာကား ‘My Golden Life’ ပါ။ ဒီကားမှာတော့ မင်းသား Park Sihoo နဲ့ မင်းသမီး Shin Hyesun တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီကားကတော့ သူမရဲ့ ဂုဏ်အဆင့်အတန်းကိုမြှင့်ဖို့ အခွင့်အရေးရှိနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အဲဒီအမျိုးသမီးဆီကနေ ပျော်ရွှင်မှုကို ရှာဖွေနေတဲ့ အမျိုးသားတစ်ယောက်၊ သမီးဖြစ်သူကို မှားယွင်းစွာ လမ်းညွှန်သင်ကြားပေးမိလို့ သမီးတွေကိုလူချင်းလဲတဲ့အထိဖြစ်သွားခဲ့ရတဲ့အကြောင်းတွေကို ရိုက်ကူးပြသထားတာပါ။ ဒီကားမှာဆိုရင် Seo Jian (Shin Hyesun ရဲ့ဇာတ်ကောင်နာမည်)က အရမ်းချမ်းသာတဲ့မိသားစုရဲ့ ပျောက်ဆုံးနေတဲ့ သမီးအစစ်ဟာ သူမဟုတ်မှန်းသိရက်နဲ့ အဲ့ဒီမိသားစုထဲကိုဝင်တဲ့ ဇာတ်ကောင်မျိုးနေရာကနေ သရုပ်ဆောင်တာပါ။

ထုတ်လွှင့်ပြသနေတာ အခုဆိုရင် အပိုင်း(၂၄)တောင်ရောက်နေပါပြီ။ ကြည့်တဲ့သူတွေဆီကနေလည်း feedback ကောင်းကောင်းရထားတဲ့ ဇာတ်ကားပါ။ အပိုင်း(၂၂)မှာတော့ ကြည့်တဲ့သူနှုန်းဟာ အမြင့်ဆုံး (37.9%)အဆင့်ထိရောက်ခဲ့ပါတယ်။ အရမ်းနာမည်ကြီးခဲ့တဲ့ ‘Descendants of the Sun’ ရခဲ့ဖူးတဲ့နှုန်းကတော့၊ နောက်ဆုံးအပိုင်းမှာ (41.6%)ပါ။ ဒါကြောင့်လည်း ‘Descendants of the Sun’ ကို ကျော်တက်နိုင်တော့မယ့်ဇာတ်ကားလို့ ပြောကြတာပါ။

from kstatlive

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။