kpop အနုပညာရှင်တွေဆီမှာ အလုပ်လုပ်ကြတဲ့ မန်နေဂျာတွေဟာ JTBC ရဲ့ Jobs ဆိုတဲ့ အစီအစဉ်မှာ သူတိုရဲ့ လစာ ဘယ်လောက်ရတယ်ဆိုတာကို ထုတ်ဖေါ်ပြောကြားခဲ့ ကြပါတယ်။

မန်နေဂျာ တစ်ယောက်ဟာ လုပ်သက်ပိုရင့်လေလေ လစာပိုများလေလေပဲဆိုတာ ကို သူတို့ကရှင်းပြခဲ့ပါတယ်။

“အလုပ်ဝင်ခါစ မန်နေဂျာ တစ်ယောက်ဟာ ၈၈၄ ဒေါ်လာကနေ ၁၃၂၅ ဒေါ်လာအထိရနိုင်ပြီးတော့ လုပ်သက်နည်းနည်းကြာတဲ့အခါ အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးပါတယ်။အဲဒီအချိန်မှာတော့ ၁၇၆၇ ဒေါ်လာကနေ ၂၆၅၁ ဒေါ်လာ လောက်အထိ ရနိုင်ပါတယ်။”

“ဒီလိုနဲ့ မန်နေဂျာတွေရဲ့ခေါင်းဆောင်နေရာကို ရောက်လာတဲ့ အချိန်မှာတော့ ၄၄၁၈ ဒေါ်လာကနေ ၅၃၀၂ ဒေါ်လာလောက်အထိ ရကြပါတယ်။” လို့ မန်နေဂျာတွေက ရှင်းပြခဲ့ကြပါတယ်။

ကိုယ်ရေးကိုယ်တာကိစ္စတွေလည်း ကုမ္ပဏီကပဲ ထောက်ပံ့ပေးထားလို့ ကုန်စရာသိပ်မရှိပါဘူးတဲ့။သီချင်းအသစ်ပရိုမိုးရှင်းပွဲ ရှိတဲ့ အချိန်တွေဆို စီးစရာကားအပြင် လိုအပ်တာတွေသုံးဖို့ အတွက် ကုမ္ပဏီကနေ ကဒ်ပေးထားပါတယ်တဲ့။

လုပ်သက် ၁၅နှစ်ရှိပြီဖြစ်တဲ့ Park Myung Soo ရဲ့ မန်နေဂျာကတော့ တစ်လကို ၅၃၀၂ ဒေါ်လာကနေ ၇၀၇၀ ဒေါ်လာအထိ ရပြီး ၊ Han Eun Jungရဲ့ မန်နေဂျာကတော့ တစ်လကို ၃၅၃၅ ဒေါ်လာလောက်ရပါတယ်လို့ဆိုပါတယ်။

လစာတွေကို ကြည့်ပြီးတော့ လူတိုင်းကတော့ Kpop Idolတွေရဲ့ မန်နေဂျာ ဖြစ်ချင်ကြပါတယ်။ ဒါပေမဲ့ ဒီအလုပ်ဟာ ထင်သလောက်တော့ လွယ်တဲ့ အလုပ်မဟုတ်ပါဘူး။ Kpop Idolတွေရဲ့ မန်နေဂျာအဖြစ်အလုပ်လုပ်ရတာဟာ စွန့်လွှတ်အနစ်နာ ခံရတာတွေများလွန်းတဲ့ အလုပ်ဖြစ်ပါတယ်။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။