CL ကတော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး အဆိုတော်တစ်ယောက်ပါ။ နာမည်အရင်းကတော့ Lee Chae-rin ဖြစ်ြ ပီး CL လို့ လူသိများပါတယ်။ဆိုးလ်မှာ မွေးဖွားသူဖြစ်ပြီး သူမရဲ့ ငယ်ဘ၀ကိုတော့ ဂျပန်၊ပြင်သစ်တို့မှာ နေထိုင်လာခဲ့သူပါ။YG Entertainment နဲ့ လက်မတွဲခင် JYP Entertainment နဲ့ အရင်လက်တွဲခဲ့တာပါ။နောက်ပိုင်းမှာတော့ 2NE1 ရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့သူပါ။အခုဆိုရင်တော့ တစ်ကိုယ်တော်ဂီတလှုပ်ရှားမှုတွေကို လုပ်ကိုင်နေပြီး တောင်ကိုရီး ယား မှာတင်မဟုတ်ပဲ ပြည်ပနိုင်ငံတွေမှာပဲ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။

CL ဟာ သူမအပေါ် ဝေဖန် တိုက်ခိုက်လာတဲ့ haters တွေကို ကောင်းကောင်းကြီး ကိုင်တွယ်ဖြေရှင်းနိုင်သူ အဖြစ် နာမည်ကြီးပါတယ်။ တကယ်လည်း သူမအပေါ် တိုက်ခိုက်လာတဲ့ hater တွေအပေါ် ပညာသားပါပါ ကောင်းကောင်း ကြီး ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ဧပြီ(၅)ရက်နေ့တုန်းက သူမရဲ့ Instagram မှာ CL က အရင် ပုံအဟောင်း တွေကို #TBT (Throwback Thursday) ဆိုပြီး တင်ခဲ့ပါတယ်။အဲ့ဒီမှာပဲ သူမကို မုန်းတဲ့ Hater တစ်ယောက်က ၀င်ပြီး ရိုင်းရိုင်းစိုင်းစိုင်း comment  ရေးခဲ့ပါတယ်။

“တော်စမ်းပါ.. throwback picture ဟုတ်လား? ဘယ်သူကလဲ? အဲ့ဒါနင်မဟုတ်ဘူး ..ကိုယ့်ကိုယ်ကို မှန်ထဲ ပြန်ကြည့်လိုက်အုံ…နင်က ကိုယ်အလေးချိန်(78 kg) ရှိနေတဲ့ ၀တုတ်နေတဲ့ ခွေးမပဲ ..အလိမ်အညာမ..” ဆိုပြီး  ရိုင်းရိုင်းစိုင်းစိုင်းမန့်ခဲ့တာပါ။အဲ့ဒီလို ရိုင်းစိုင်းတဲ့ Comment အပေါ် CL ရဲ့ တုံ့ပြန်မှုက အရမ်းကို ပညာသားပါပါတယ်။သူမရဲ့ တုံ့ပြန်ပုံကတော့….

“မှန်ထဲကို အခုကြည့်လိုက်တော့..ကျမ မလိမ်ဘူးလေ..မှန်ထဲမှာ မြင်နေတဲ့အရာကို ကျမချစ်တယ်..” ဆိုပြီး မှန်ထဲမှာ မြင်နေရတဲ့ သူမကိုယ်သူမ ချစ်တယ်လို့ ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။

source kstarlive