Jun Ji hyun ကတော့ အရမ်းကိုဖက်ရှင်ကျတဲ့ မင်းသမီးတွေထဲက တစ်ယောက်ပါ။အသက် (၃၆) နှစ် ကလေးတစ်ယောက်အမေ၊(လက်ရှိ ဒုတိယကိုယ်ဝန်လွယ်ထား) သူလို့ လုံးဝ ကို ထင်ရက်စရာ မရှိလောက်အောင် စမတ်ကျလှပလွန်းသူပါ။

ဖက်ရှင်ပိုင်းမှာလည်း အရမ်းကို စမတ်ကျလွန်းသူ လို့ သတ်မှတ်ခံထားရတဲ့ သူမဟာ နာမည်ကျော် Brand ဖြစ်တဲ့ Gucci ကို Runway models တွေထက်တောင် ပိုလန်း၊ပိုစမတ် ကျအောင် ၀တ်ပြနိုင်သူပါ။ဒါကြောင့်လည်း နာမည်ကျော် Brand တွေက သူမကို အလုအယက်ငှားရမ်း ချင် နေကြတာပါ။ဖက်ရှင် show ပွဲတွေကို တက်ရင်လည်း သူမရဲ့ ကိုယ်ပိုင်စတိုင်တစ်ခုကို အမြဲထိန်းထားနိုင်သူပါ။

Gucci ကတော့ သူမကို ၄င်းတို့ရဲ့ (၂၀၁၅)ခုနှစ် Brands ရဲ့ ကိုယ်စားပြု အနုပညာ ရှင် အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ဖူးပါတယ်။Jun Ji Hyun ဟာ Gucci Model အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ပထမဆုံး ကိုရီးယားမင်းသမီးပါ။ ဒီအကြောင်းကိုတော့ koreaboo မှာဖော်ပြထားပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။