မင်းသားချော လီမင်ဟိုနဲ့ ဆူဇီတို့စုံတွဲဟာ ကိုရီးယားရဲ့ နာမည်ကြီး ဆယ်လီစုံတွေ တွေ ထဲ  တစ် တွဲပါ။သူတို့စုံတွဲဟာ အရမ်းကို အနေအထိုင်သိုသိပ်လွန်းတဲ့ စုံတွဲပါ။တွဲနေတဲ့ အကြောင်း ကြေ ညာ လိုက်ပြီးတည်းက လူတွေရှေ့မှာ နှစ်ယောက်သား အတူသွား၊အတူလာတာမျိုးမလုပ်ကြပဲ တိတ်တိ တ်လေးတွဲကြ၊သွားလာကြတဲ့ စုံတွဲပါ။အပြင်မှာတော့ တွဲသွား၊တွဲလာ မရှိပေမယ့် တကယ့်ကို ခိုင်မြဲ တဲ့ relationship တစ်ခုပါလို့ အတွင်းလူတွေရဲ့ အပြောအရသိရပါတယ်။လီမင်ဟိုဟာ နှစ်ဖက်လုံး နဲ့ရင်းနှီးတဲ့ မိတ်ဆွေ အပေါင်း အသင်းတွေက တစ်ဆင့် ဆူဇီကို ချဉ်းကပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေ မယ့် ဆူဇီက လီမင်ဟိုရဲ့ တောင်းဆိုမှုကို ယဉ်ယဉ်ကျေးကျေးလေးနဲ့ပဲငြင်းဆိုခဲ့ဖူးပါတယ်။

ဆူဇီအနေနဲ့ ဒိတ်လုပ်ရမှာကို စိုးရိမ် နေခဲ့တာပါ။ပရိသတ်တွေရှေ့ကို ချပြလိုက်ပြီးနောက် သူတို့ရဲ့ relationship မှာ အဖုအထစ်၊ပြဿ နာ တွေပေါ်လာမှာကို စိုးရိမ်နေခဲ့တာပါ။ဆူဇီက ဒိတ်လုပ်ဖို့ ကို စိတ်မ၀င်စားတာရယ်၊သူမရဲ့ အနု ပညာအလုပ်မှာ မကောင်းသတင်းတွေထွက်မှာကို အမြဲစိုး ရိမ်နေတတ်သူလေးမို့ အစပိုင်းမှာ ငြင်းပယ်ခဲ့တာပါ။မိသားစုကိုလည်း အရမ်းဂရုစိုက်တတ်သူဖြစ် တာကြောင့် တစ်ခုခုဆိုရင် သူမ အတွက် သူမရဲ့ မိသားစုပါထိခိုက်လေမလားဆိုပြီး တွေးပူ တတ် သူပါ။အဲ့ဒီအချိန်က ဆူဇီနဲ့လီမင်ဟိုတို့က အ လုပ်လည်း တခါမှတွဲမလုပ်ဖူးတာကြောင့် သူတို့နှစ်ေ ယာက်ကြားမှာ နှစ်ဖက်လုံးနဲ့သိတဲ့ မိတ် ဆွေ အပေါင်းအသင်းမရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့ သူတို့ကြားကို ဆက်သွယ်ပေးမယ့်(ကြားကနေ အောင်သွယ်တော်လုပ်ပေးမယ့်)သူငယ် ချင်းနှစ်ေ ယာက်ကို တွေ့ခဲ့ပါတယ်။အဲ့ဒီသူငယ်ချင်းတွေက နှစ်ဖက်လုံးနဲ့ရင်းနှီးကြတဲ့ အတွက် သူတို့နှစ်ယော က်ကို နီးစပ်သွားစေတဲ့ တံတားတစ်စင်းဖြစ်ခဲ့ ပါတယ်။

နောက်ဆုံးမှာတော့ လီမင်ဟိုတစ်ယောက် ဆူဇီကို တွေ့ဆုံဖို့ အခွင့်အရေးရခဲ့ပြီး အရမ်းကို ချစ်မိ သွားခဲ့ပါတယ်။အစပိုင်းမှာတော့ “အိုပါး”နဲ့ “ညီမလေး” ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ချစ်သူတွေ ဖြစ်သွားခဲ့ပါတယ်။ဒိတ်လုပ်တဲ့အချိန်တွေတုန်းက လူတွေ မမိအောင်နေနေရတာတွေဟာ ဆူဇီ အတွက် အရမ်းကို ခက်ခဲခဲ့ပါတယ်။(၂၀၁၅)ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ လီမင်ဟို ကို ဘာေ ကြာင့် ချစ်မိသွားတာလဲလို့ ဆူဇီကို မေးခဲ့ဖူးပါတယ်။အဲ့ဒီတုန်းက ဆူဇီရဲ့ အဖြေက…

” အတိအကျေ တာ့ မပြောတတ်ဘူး။ဒါပေမယ့် သူက အရမ်းနားလည်မှုရှိတယ်၊အရမ်းလည်းဂရုစိုက် တတ်တယ်။ အရမ်းကို နွေးထွေးတဲ့ နှလုံးသား တစ်စုံသူ့မှာရှိတယ်။ဒါတွေကြောင့်ပဲ သူ့ကို ချစ်မိသွား တယ်လို့ ထင်တယ်” လို့ ဖြေခဲ့ဖူးပါတယ်။လီမင်ဟို သရုပ်ဆောင်ထားတဲ့ “City Hunter” ဇာတ် ကား ဟာသူမရဲ့ အကြိုက်ဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး၊မလွတ် တမ်းကြည့်ရှုအားပေးခဲ့တယ်လို့ သိရပါတယ်။

လီမင်ဟိုကလည်း ဆူဇီကိုစပြီး မလိုက်ခင် ဟိုးအရင်တည်း Miss A ရဲ့ အဖွဲ့ဝင် မိန်းမလှလေး ဆူဇီကို  ကြိတ် Crush နေခဲ့တာ အတော်ကြာခဲ့ပြီလို့ အတွင်းလူတွေရဲ့ ပြောစကားအရသိရ ပါတယ်။သူ့ရဲ့ အချစ်တွေကို ရင်မဖွင့်ခင်တုန်းက အချိန်အတော်ကြာ တွေဝေနေခဲ့ပါသေးတယ်။သူ့ရဲ့ အချစ်တွေက ဆူဇီအပေါ် ၀န်ထုပ်ဝန်ပိုးဖြစ်မှာကို စိတ်ပူနေခဲ့တာပါ။ဒါပေမယ့် အချစ်တွေကို ကြာ ကြာ အောင့်မထားနိုင်တော့ပဲ နောက်ဆုံးမှာတော့ ၀န်ခံဖြစ်ခဲ့တာပါလို့ သိရပါတယ်။

 

SOURCE dramafever & koreaboo