G-Dragon ကတော့ ဖက်ရှင်ဘုရင်လို့ခေါ်ရလောက်အောင် ၀တ်တက်၊ စားတတ်သူတစ်ယောက်ပါ။ သူဟာ လေယာဉ်ပေါ်ကဆင်းတဲ့အချိန်မှာတောင် အမြဲဖက်ရှင်ကျပြီးလန်းနေပါတယ်။

ဒါပေမယ့် အခုလတ်တလောမှာတွေ့ရတဲ့ G-Dragon ရဲ့ airport ဖက်ရှင်ကတော့ ဖက်ရှင်ကျကျဝတ်လာတယ်ဆိုတာထက် သူ့ရဲ့ စိတ်ကြိုက်ကိုဝတ်လာပုံပေါ်ပါတယ်။ သူ့ရဲ့ အင်္ကျီဟာဆိုရင်တော့ Rare Market လို့ခေါ်တဲ့ Kwon Dami ပိုင်တဲ့ ဖက်ရှင်စတိုးတစ်ခုကဖြစ်ပါတယ်။ Kwon Dami ကတော့ G-Dragonရဲ့ အစ်မအရင်းပဲဖြစ်ပါတယ်။ G-Dragon သူရဲ့အစ်မကို သူ့ရဲ့ ဓါတ်ပုံတောင်ပို့ပေးလိုက်ပါသေးတယ်။

Kwon Dami က ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး Rare Market ကိုလည်း သူကိုယ်တိုင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ G-Dragon ကတော့ အင်္ကျီဝတ်တာတင်မဟုတ်ဘဲ Rare Market ဆိုင်ကိုသွားပြီးတော့ပါ သူ့အစ်မရဲ့ဆိုင်ကို ကြော်ငြာပေးခဲ့ပါသေးတယ်။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။