လူအများစုကတော့ Big Hit Entertainment ကိုတည်ထောင်သူဟာ Bang Si Hyuk လို့ သိကြပါတယ်။ Big Hit ကတော့ ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ ယောက်ျားလေးအဆိုတော်group BTS ကိုမွေးဖွားပေးခဲ့တဲ့ ဘီလီယံဒေါ်လာတန် K-Pop အေဂျင်စီတစ်ခုဖြစ်ပါတယ်။ အခုအခါမှာတော့ koreaboo ကတဆင့် Bang Si Hyuk အကြောင်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

BTS Universe မှာ သူ့ဘဝအကြောင်းတွေကို ကိုးကားထားတယ်

BTS MV တော်တော်များများရဲ့ ဒါရိုက်တာဖြစ်သူ Lumpens ကတော့ BU ဟာ Bang Si Hyuk ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ကိုးကားခဲ့ကြောင်းဆိုပါတယ်။ ထင်ရှားတဲ့ Spring Day MV ဟာဆိုရင် Bang Si Hyuk ဖတ်ခဲ့ဖူးတဲ့ Ursula K. Le Guin ရဲ့ The Ones Who Walk Away from Omelas စာအုပ်ထဲကနေ ကောက်နှုတ်ထားတာဖြစ်ပါတယ်။

ဂီတဟာ သူ့အိပ်မက်မဟုတ်ဘူး

ဂီတဟာ Bang Si Hyuk ကို ဘီလျံနာတစ်ယောက်ဖြစ်အောင် လုပ်ခဲ့ပေမယ့် သူ ဒါနဲ့ ကြီးပွားလိမ့်မယ်ဆိုတာ မသိခဲ့ပါဘူး။ ဆိုးလ်အမျိုးသားတက္ကသိုလ်ရဲ့ ၂၀၁၉ခုနှစ် ဘွဲ့နှင်းသဘင်အခမ်းအနားမှာတော့ သူက “ဂီတပိုင်းကိုပဲ ဇောက်ချလုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတာ မရှိခဲ့ပါဘူး။ ကျွန်တော်လည်းမျောနေတာပါ။ ကြည့်တော့မှ ကိုယ့်ဘာသာကိုယ် ဂီတကိုလုပ်မိနေမှန်းသိတာ။ ကျွန်တော်က စိတ်ကူးအိပ်မက်တွေအကြီးကြီးမက်တတ်တဲ့သူ မဟုတ်ပါဘူး။”

 

View this post on Instagram

 

A post shared by Bang Si-Hyuk (@bighitbabaniz)

JYP Entertainment တည်ထောင်ရာမှာ ပါဝင်ကူညီခဲ့တယ်

Bang Si Hyuk နဲ့ JYP Entertainment တည်ထောင်သူ Park Jin Young တို့ဟာ သူငယ်ချင်းတွေဖြစ်လာတာ ဆယ်စုနှစ်နဲ့ချီနေပါပြီ။ Bang Si Hyuk ဟာ ရိုက်ကွင်းနောက်ကွယ်မှာ အဓိကအခန်းကဏ္ဍကနေ ကြိုးစားပေးခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ AI trend ရဲ့ရှေ့ပြေးလည်းဖြစ်တယ်

Bang Si Hyuk ဟာ GLAM ကိုဖွဲ့စည်းခဲ့ပြီး ၄င်းဟာ စတိတ်ပေါ်မှာ music နဲ့ virtual technology ပူးပေါင်းထားတဲ့ ပထမဆုံးအမျိုးသမီး group တစ်ခုဖြစ်ပါတယ်။ GLAM ဟာ ၂၀၁၂ ခုနှစ်မှာ ကိုရီးယန်း vocaloid ဖြစ်တဲ့ SeeU နဲ့ ပူးပေါင်းပြီး ဖျော်ဖြေခဲ့ပါတယ်။

သူဟာ ဉာဏ်ရည်ထက်မြက်တဲ့မိသားစုက မွေးဖွားလာတယ်

Bang Si Hyuk ရဲ့ မိဘတွေဟာ သာမန်တွေမဟုတ်ပါဘူး။ သူ့ရဲ့မိခင် Choi Myeong Ja ဟာဆိုရင် အမျိုးသမီးတွေလုပ်နိုင်ဖို့ခဲယဉ်းတဲ့အချိန်တုန်းက ဆိုးလ်အမျိုးသားတက္ကသိုလ်ကနေ အင်္ဂလိပ်စာပေနဲ့ ဘွဲ့ရခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်တဲ့ Bang Geuk Yoon ကတော လုပ်သားအခွင့်အရေးအတွက် အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Korea Workers’ Compensation & Welfare Service ရဲ့ ဥက္ကဌတစ်ဦးဖြစ်ခဲ့ပါတယ်။

သူဟာ စည်းကမ်းတင်းကြပ်တယ်

Bang Si Hyuk ကို စည်းကမ်းတင်းကြပ်ပေမယ့် မျှတမှုရှိတယ်ဆိုပြီး သိကြပါတယ်။ သူဟာ သူ့ရဲ့အနုပညာရှင်တွေကို ဖန်တီးခွင့်အပြည့်အဝပေးထားတဲ့အပြင် အကောင်းဆုံးရလဒ်ရဖို့ မျှော်မှန်းသူဖြစ်ပါတယ်။ Bang Si Hyuk ဟာ ငယ်ငယ်လေးထဲက စာအုပ်ဖတ်ဝါသနာသူဖြစ်တယ်လို့လည်း သိရပါတယ်။

CeleNow