ကမ္ဘာကျော် talk show တစ်ခုဖြစ်တဲ့ The Ellen DeGeneres Show ကို ဖိတ်ကြားခံရတဲ့ ပထမဦးဆုံး kpop အဖွဲ့ကတော့ ကိုရီးယားရဲ့ ထိပ်တန်းယောကျာ်းလေးအဖွဲ့ တစ်ခုဖြစ်တဲ့ BTS ဖြစ်ပါတယ်။

The Ellen DeGeneres Show ကိုတော့ အမေရိကားရဲ့ ကျော်ကြားတဲ့ ဟာသ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Ellen DeGeneres ကအစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီtalk showကို ၂၀၀၃ခုနှစ်ကစတင်ထုတ်လွှင့်ခဲ့ပြီး အောင်မြင်ကျော်ကြားသူအမြောက်အများ လာရောက်ပါဝင်ခဲ့ကြပါတယ်။ BTS ကတော့ Ellenရဲ့talk show မှာပါဝင်ခွင့်ရတဲ့ပထမဆုံး Kpop အဖွဲ့ ဖြစ်ပါတယ်။

The Ellen DeGeneres Showရဲ့ ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Andy Lassner ကတော့ BTSဟာ talk showကိုလာနိုင်ခြေရှိတယ်လို့  တွီတာမှာပြောခဲ့ပါတယ်။ BTS ရဲ့အေဂျင်စီဖြစ်တဲ့ Big Hit Entertainment ကတော့ Ellenရဲ့ talk showမှာ BTS ပါဝင်မယ့် အကြောင်းကို အတည်ပြုခဲ့ ပြီိး တိကျတဲ့ အစီအစဉ်တွေတော့ မပြုလုပ်ရသေးပါဘူးလို့ ပြောကြားခဲ့ပါတယ်။

ပရိသတ်တွေကတော့ BTS ပါမယ့် ကမ္ဘာကျော် talk show ကိုကြည့်ဖို့စောင့်မျှော်နေကြပါပြီ။

Wint (Celenow)

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။