“Return of Superman” ကတော့ ကလေးချစ်သူတွေ အရမ်းကို အကြိုက်တွေ့တဲ့ ကိုရီးယား reality show တစ် ခုပါ။ကလေးလေးတွေရဲ့ ချစ်စရာ အမူအရာလေးတွေကိုလည်း မြင်တွေ့နိုင်သလို ဆယ်လီဖေဖေတွေ ရဲ့ ကလေး ထိန်း Skill ကိုပါ မြင်တွေ့နိုင်တဲ့ အစီအစဉ်လေးပါ။(၂၀၁၄)မှာ စတင်ပြသခဲ့ပြီး (၂၀၁၆)မှာတော့ American TV show အဖြစ် re-made ပြန်လုပ်ခဲ့ပါသေးတယ်။တကယ့်နာမည်ကြီး စူပါစတားတွေ ဖြစ်တဲ့ irls’ Generation, BIG BANG, EXO, Super Junior, Gu Hye Sun, Jang Geun Suk, ပါမေက္ခ Kelly နဲ့ သူ့ရဲ့ ကလေးတွေ ကိုပါ ဖိတ်ခေါ်ခဲ့ဖူးပါတယ်။အဲ့ဒီအစီအစဉ်မှာ ပါဝင်ခဲ့ချိန်တုန်းက ပရိသတ်အားပေးမှု တခဲနက်ရခဲ့တဲ့ ကလေးလေးတွေ ရှိပါ တယ်။ Show ကနေ ထွက်သွားပြီးနောက်ပိုင်း သူတို့တွေ အခုဘယ်ရောက်ပြီး ဘာတွေ လုပ်နေလဲ..?

#Choo Sarang

ချစ်စရာကောင်းတဲ့ Sarang လေးကို ပရိသတ်ကြီးမှတ်မိအုံးမှာပါ။Sarang လေးရဲ့ မေမေ ကတော့ မော်ဒယ် Yano Shiho ပါ။ဖေဖေကတော့ MMA လက်ဝှေ့သမား Choo Sung Hoon ပါ။အရင်တုန်းက ပါးဖောင်းဖောင်း လေးနဲ့ ကလေးသေးသေးလေးဖြစ်ခဲ့တဲ့ သူမကတော့ အခုဆိုရင် ဆံပင်ရှည်ရှည်လေးနဲ့ ချစ်စရာ ကလေးမလေး ဖြစ်နေပါပြီ။ Sarang  ဟာ Return of Superman အဖွဲ့ဝင်အဖြစ် (၂၀၁၃) မှာ စပြီး ပါဝင်ခဲ့တာပါ။ (၂၀၁၆) မှာတော့ ထွက် သွားခဲ့တာပါ။ဒါပေမယ့် Song ညီအစ်ကို (၃)ယောက် နဲ့ အတူ အဲ့ဒီနှစ်နှောင်းပိုင်းမှာ ပြန်ပေါ်လာခဲ့ဖူးပါတယ်။

#Haru

Tablo နဲ့ Kang Hye Jung တို့ရဲ့ သမီးလေး Haru မှာတော့ ကိုယ်ပိုင် Instagram အကောင့် ရှိပါတယ်။သူမရဲ့ မေမေက အကောင့်ကို ကိုင်တာပါ။အရင်ကလေးလေးဘ၀ တုန်းကထက် ပိုပြီး စတိုင်ကျလှပနေပါပြီ။

#Song အမြွှာ

Song Il Kook ရဲ့ သားချော အမြွှာ (၃)ယောက်ကတော့ (၂၀၁၂)မှာ မွေးခဲ့ပြီး အသက် (၆)နှစ်ပြည့် ခဲ့ပါပြီ။ Dae Han ကတော့ Grade (3) တက်မယ့် ကျောင်းသားကြီးအဖြစ် ရင့်ကျက်နေပါပြီလို့ Song Il Kook  ကပြောခဲ့ပါ တယ်။

#Joon Seo and Joon Woo

မင်းသား Jang Hyun Sung ရဲ့ အကြီးဆုံးသား  Joon Woo ကတော့ ဒီနှစ်မှာ (၁၆) နှစ် ရှိခဲ့ပါပြီ။  Hyun Sung နဲ့  Joon Woo တို့ဟာ ကိုရီးယား documentary ‘March of the Penguins 2: The Next Step.’ မှာ ပါဝင် ပေးနေတယ်လို့သိရပါတယ်။

#Soda မောင်နှမ

မင်းသား Lee Bum Soo ရဲ့ ကလေးတွေဖြစ်တဲ့  So Eul နဲ့ Da Eul  တို့ကတော့ အရင်နဲ့ မတူ အရပ် တွေ တောင် ရှည်လာပါပြီ။Return of Superman ကနေ (၂၀၁၇) မေမှာ ထွက်သွားခဲ့တာပါ။သရုပ်ဆောင်အလုပ်ကို ပိုအာရုံစိုက်ချင်လို့ ထွက်ခဲ့တာလို့ သိရပါတယ်။

#Uhm Ji On

အခုဆိုရင်တော့ ငါးနှစ်သမီးလေးဖြစ်နေပါပြီ။ကျောင်းယူနီဖောင်းဝတ်စုံလေးနဲ့ အရမ်းကို ချစ်ဖို့ ကောင်းနေပါပြီ။မိခင် ဖြစ်သူ  Yoon Hye Jin  ကတော့ သမီးလေးကို ဘေးမှာ လိုက်ပြီးထိန်းကျောင်းပေးနေပါတယ်။တကယ့်ကို ချစ်စရာ ကောင်းကောင်းလေး လှလှပပလေး ကြီးပြင်းလာခဲ့တာပါ။

#Rohee

မင်းသား Ki Tae Yong   က Rohee လေးကို ဂရုစိုက် ထိန်းကျောင်းပေးခဲ့ပုံတွေကို ပရိသတ်ကြီး မှတ်မိသေးရဲ့ လား..?အခုဆိုရင်တော့ သူမဟာ (၃)နှစ်သမီးလေးဖြစ်နေပါပြီ။Eugene နဲ့  Tae Young တို့ကတော့ အခုဆိုရင်  နောက်ထပ် ကလေးလေးတစ်ယောက်တောင် ရတော့မှာပါ။

source dramafever.