Taeyeon တစ်ယောက် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ နိုဝင်ဘာ (၂၈)ရက်နေ့ ဒေသစံတော်ချိန် ည(၈)နာရီလောက်တုန်းက Gangnam မှာ ကား(၃)စီး ဆင့်တိုက်ခဲ့ပါတယ်။ Taeyeon ရဲ့ Mercedes-Benz ကားဟာ တက္ကစီနဲ့ တိုက်မိခဲ့တာပါ။ အဲဒီမှာမှ တက္ကစီက Audi ကားကို တိုက်မိသွားခဲ့တာပါ။
အဆိုပါယာဉ်တိုက်မှုကြောင့် Taeyeon တစ်ယောက် ရင်ဘတ်မှာ ထိခိုက်နာကျင်ခဲ့ပါတယ်။ Audi ဒရိုင်ဘာနဲ့ တက္ကစီပေါ်ပါလာတဲ့ ခရီးသည်(၂)ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့လို့ ဆေးရုံတင်ပို့ခဲ့ရပါတယ်။ Taeyeon ရဲ့ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး SM Entertainment ကနေ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
ဒီယာဉ်တိုက်မှုဟာ Taeyeon ရဲ့အမှားကြောင့်လို့ SM Entertainment ကနေ ပြောခဲ့ပါတယ်။ အေဂျင်စီဘက်ကနေ ကြေညာရာမှာတော့ “Taeyeon ရဲ့ ပေါ့ဆမှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ… ဒီယာဉ်တိုက်မှုမှာ ထိခိုက်သွားတဲ့ ယာဉ်မောင်းနဲ့ ခရီးသည်တွေအတွက် သူလည်း စိတ်မကောင်းဖြစ်နေပါတယ်… ဒီကိစ္စနဲ့ပတ်သက်ပြီး သူလည်း အကောင်းဆုံး ညှိနှိုင်းဖြေရှင်းသွားမှာပါ….
ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေအပြီးမှာတော့ Taeyeon လည်း အိမ်ကိုပြန်သွားပါပြီ…အခြေအနေလည်း ပြန်ကောင်းသွားပါပြီ…စိတ်ပူအောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်” ဆိုပြီး ကြေညာခဲ့ပါတယ်။
from kstarlive