Taeyeon ဟာ သူ့ရဲ့ Instagram အကောင့်မှာ အားကစားဝတ်စုံဝတ်ပြီး သူ့ရဲ့ဗိုက်ကြွက်သားကို အသားပေးရိုက်ထားတဲ့ ဓါတ်ပုံ တစ်ပုံကို တင်လိုက်ပါတယ်။

ဓါတ်ပုံအရဆိုရင်တော့Taeyeon ဟာ အားကစားလုပ်နေတုန်းမှာ ဒီပုံကို တင်လိုက်တာဖြစ်နိုင်ပါတယ်။

အရင်ကတည်းက သေးသွယ်တဲ့ခါးရှိတဲ့ Taeyeonကို abs နဲ့ တွေ့လိုက်ရတဲ့အခါ ပရိသတ်တွေကတော့ အရမ်းကို အံ့သြနေကြပါတယ်။

ဝေဖန်သူတွေကတော့ “Taeyeonကို ဒီလိုမျိုး abs နဲ့တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဘူး၊ Taeyeon ခါးကသေးလိုက်တာ ပုရွက်ဆိတ်လိုပဲ”လို့ Instagram မှာ ကွန်းမန့်ရေးခဲ့ကြပါတယ်။ ဒါ့အပြင် “မိန်းကလေးတစ်ယောက်အတွက် abs ရဖို့လွယ်တာမဟုတ်ဘူး၊ ဒီနေ့ကစပြီး ၀ိတ်လျှေ့တော့မယ်” စသဖြင့် ဝေဖန်တဲ့ ကွန်းမန့်တွေ အများကြီး ရေးခဲ့ကြပါတယ်။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။