Girls’ Generation အဖွဲ့ခေါင်းဆောင် Taeyeon ဟာ အခုလာမယ့် ဒီဇင်ဘာလမှာ ခရစ်စမတ်အတွက် တေးအယ်လ်ဘမ် အသစ်တစ်ခုထုတ်မှာဖြစ်တယ်လို့ SM Entertainment ကနေ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

Taeyeonကလည်း ခရစ်စမတ် အယ်လ်ဘမ်အပြင် ခရစ်စမတ် ဖျော်ဖြေပွဲကိုပါ လုပ်နိုင်ဖို့အတွက် ကြိုးစားပြင်ဆင်နေတယ်လို့လည်း သူ့ရဲ့ Instagram မှာ Liveလွှင့်တုန်းက ပြောခဲ့ပါသေးတယ်။

လတ်တလောမှာတော့ Taeyeon ဟာ သူ့ရဲ့ အယ်လ်ဘမ် အသစ်အတွက် အသံသွင်းတာတွေ၊ သီချင်း ဗီဒီယို ရိုက်တာတွေ ပြုလုပ်နေတယ်လို့ SM Entertainment ကနေ ကြေညာခဲ့ပါတယ်။

Source: Allkpop

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။