Suzy ကတော့ သူမရဲ့ အနုပညာသက်တမ်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပရိသတ်တွေကို တွေ့ဆုံမယ့် ပွဲလေးတစ်ခု စီစဉ်ထားပါတယ်။ A Tempo လို့ အမည်ရတဲ့ ဒီပွဲလေးကိုတော့ Online ကနေတဆင့် သူမရဲ့ fan တွေနဲ့ တွေ့ဆုံနိုင်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram
သူမကတော့ အဲ့ဒီပွဲအတွက် တကယ့်ကို လေးလေးနက်နက် ပြင်ဆင်နေကြောင်းကို ပရိသတ်တွေကို ပုံအချို့ပြပြီး အသိပေးခဲ့ပါတယ်။ ထွက်ရှိလာတဲ့ ဓာတ်ပုံတွေအရ သူမကို ဒီပွဲလေးမှာ သရုပ်ဆောင် အဖြစ်တင် မဟုတ်ဘဲ ဂီတသမားအဖြစ်ပါ ပရိသတ်တွေကို ပြအုံးမယ်လို့ allkpop ကနေ ဖော်ပြထားခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
သီချင်းတွေ ဆိုနေတဲ့ Suzy ရဲ့ ပုံစံကို ပရိသတ်တွေ တွေ့ရမယ်လို့ ထင်မိပါတယ်။ မကြာသေးခင်ကလည်း သူမက ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ဇာတ်ဝင်တေး ဆိုခဲ့ပါသေးတယ်။ သူမကတော့ ဓာတ်ပုံတွေထဲမှာ ဂီတာတစ်လက်နဲ့ အရမ်းကို နှစ်လိုဖွယ်ရှိတဲ့ ပုံစံနဲ့ ရှိနေတာမို့ ပရိသတ်တွေကတော့ အမျှော်ကြီး မျှော်နေရပါပြီ။
View this post on Instagram
သူမရဲ့ ပွဲကိုတော့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ Kakao TV နဲ့ YouTube ကနေ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သစ်လွင်တဲ့ အပြင်အဆင်တွေ၊ ဆန်းသစ်တဲ့ အမြင်တွေနဲ့ တွေ့ရမှာမို့ ပရိသတ်တွေကတော့ ရင်ခုန်နေမှာ အသေအချာပါပဲနော်။
Kham