Miss A အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Suzyဟာ အ၀တ်အထည် ကုမ္ပဏီတစ်ခုဖြစ်တဲ့ “GUESS” နဲ့အတူ ဖိုတို ရှုတင် တစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဖိုတိုရှုတင်က ဓါတ်ပုံတွေကတော့  အွန်လိုင်းမှာ ပျံ့ နှံ့နေပြီးတော့ ယောကျာ်းလေးအများကြားမှာသာမက မိန်းကလေးတွေဆီမှာပါ ရေပန်းစားလျက်ရှိပါတယ်။

Suzy ဟာ ကိုရီးယားနိုင်ငံရဲ့ အလှဆုံးရုပ်ရည်ကို ပိုင်ဆိုင်ထားသူအဖြစ် သတ်မှတ်ခံထားရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သွယ်လျတဲ့ ခန္ဓာကိုယ်လည်း ပိုင်ဆိုင်ထားတဲ့ Suzyဟာ နာမည်ကြီး အ၀တ်အထည် ကုမ္ပဏီတော်တော်များများရဲ့ မော်ဒယ်ဖြစ်နေတာ အံသြစရာ ကိစ္စတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ “GUESS” နဲ့အတူပြုလုပ်ခဲ့တဲ့ ဒီဖိုတိုရှုကတော့ Suzy ရိုက်ကူးခဲ့သမျှ ဖိုတိုရှုတွေထဲမှာ အလှဆုံးဖြစ်တယ်ဆိုပြီး အွန်လိုင်းမှာ နာမည်ကြီးလျက်ရှိပါတယ်။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။