ကိုရီးယားရဲ့ အွန်လိုင်းမီဒီယာ တစ်ခုဖြစ်တဲ့ Ilgan Sportsကနေ Suzy နဲ့ Lee Min Ho တို့ လမ်းခွဲလိုက်ကြပြီဆိုတဲ့ အကြောင်းကို သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအကြောင်းကိုတော့ Suzy နဲ့ Lee Min Ho တို့အကြောင်းကိုသိတဲ့ အတွင်းသိ၊ အစင်းသိ လူတစ်ယောက်က ပြောခဲ့တာပါတဲ့။

Suzy နဲ့ Lee Min Ho တို့ နှစ်ဖက်စလုံးကတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဖြေရှင်းထားခြင်းတော့ မရှိသေးပါဘူ။ Suzy ရဲ့ အေဂျင်စီဖြစ်တဲ့ JYP Entertainment ကတော့ Suzy နဲ့ Lee Min Ho တို့ လမ်းခွဲလိုက်ကြပြီဆိုတာကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

Suzy နဲ့ Lee Min Ho တို့ဟာ ၂၀၁၅ ခုနှစ် မတ်လ (၁၅)ရက်နေ့မှာ သူ့တို့တွဲနေတယ်ဆိုတဲ့ အကြောင်းကို တရားဝင် ထုတ်ပြောခဲ့ပြီးနောက် (၂)နှစ်ကျော်အကြာမှာ လမ်းခွဲလိုက်ကြတာ ဖြစ်ပါတယ်။

Source: allkpop

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။