Super Junior အဖွဲ့မှ Kangin တစ်ယောက် အဖမ်းခံလိုက်ရပါတယ်။ ချစ်သူကောင်မလေးကို ကိုယ်ထိလက်ရောက်ကျူးလွန်မိတဲ့အတွက် အခုလို အဖမ်းခံလိုက်ရတာပါ။ နိုဝင်ဘာ(၁၇)ရက်နေ့ ဒေသစံတော်ချိန် မနက်(၄)နာရီေ လာက်က Kangin ဟာ စားသောက်ဆိုင်တစ်ဆိုင်မှာ တစ်စုံတစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ် ဆိုပြီး သတင်းပို့ခံခဲ့ရတာပါ။ Gangnam ရဲစခန်းရဲ့အပြောအရ ဖုန်းဆက်တိုင်ကြားမှုကို လက်ခံရရှိပြီးနောက် Kangin ကို သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

မနက်(၄)နာရီခွဲလောက်က Kangin က မူးပြီး သူ့ကောင်မလေးကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်လို့ တိုင်ကြားတဲ့ဖုန်းရခဲ့တယ်လို့ ဆိုပါတယ်။ ကောင်မလေးဘက်ကတော့ တရားစွဲဖို့အထိတော့ လုပ်ဖို့မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် Kangin ကို ခဏဖမ်းပြီးတော့ သတိပေးစကားပြောပြီး ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရသူကိုယ်တိုင်က သူမဟာ kangin ရဲ့ ချစ်သူဖြစ်ကြောင်း ထွက်ဆိုခဲ့တာပါ။ ကျူးလွန်ခံရသူဘက်က ဆန္ဒမရှိရင် တရားစွဲဆိုဖို့၊ စုံစမ်းစစ်ဆေးတာတွေ လုပ်လို့မရပါဘူး။

Kangin ရဲ့ အေဂျင်စီ SJ Label ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အခုလိုကိစ္စပေါ်ပေါက်ရတဲ့အတွက် တရားဝင်တောင်းပန်ခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်နဲ့အတူသောက်ရင်း ငြင်းခုံစရာလေးတွေရှိခဲ့ပြီး နားလည်မှုလွဲပြီး ရဲကို ဖုန်းဆက်အကြောင်းကြားခံလိုက်ရတဲ့အခြေအနေပေါ်ပေါက်ရတာပါလို့ ပြောထားပါတယ်။ ဒီဖြစ်ရပ်မှာပါဝင်ကြသူတွေကိုလည်း တောင်းပန်ပါတယ်လို့ ပြောခဲ့ပါတယ်။

from soompi

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။