Kpop လောကထဲကို အဆိုတော်တစ်ယောက်အနေနဲ့ဝင်ရောက်ခဲ့ပြီး အောင်မြင်တဲ့ မင်းသမီးတစ်ယောက် ဖြစ်လာတဲ့ Sulliဟာ သူရဲ့ နဂိုမူလ အေဂျင်စီဖြစ်တဲ့ SM Entertainmentနဲ့ စာချုပ်အသစ်ပြန်လည် ချုပ်ဆိုလိုက်ပြီပြီဖြစ်ပါတယ်။ အေဂျင်စီရဲ့ တာဝန်ရှိသူတစ်ဦးကနေ ဒီအကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။

အခုလိုမင်းသမီးမဖြစ်ခင်ကတော့ Sulliဟာ  f(x)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ် သြဂုတ်လ မှာတော့ Sulliဟာ f(x)အဖွဲ့ကနေထွက်ပြီး သရုပ်ဆောင်အလုပ်ကို ရွေးချယ်ခဲ့ပါတယ်။

SM Entertainment ရဲ့လက်အောက်မှာ Sulliဟာ သရုပ်ဆောင်အနေနဲ့ ဆက်လက်ပြီးတော့ လုပ်ကိုင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

အသစ်အသစ်သော အနုပညာလှုပ်ရှားမှုတွေအတွက်လည်း ဆွေနွေးနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

Source: Kstarlive

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။