“Suits” ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲရဲ့ သတင်းစာရှင်းလင်းပွဲကိုတော့ ဧပြီ (၂၃)ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဆိုး လ်မြို့ Youngdeungpo-dong က Time Square မှာ ကျင်းပခဲ့တဲ့ ဒီပွဲကိုတော့ “Suits ” အဖွဲ့သားတွေ တက် ရောက်ခဲ့ပါတယ်။ ဒီပွဲမှာတော့ Jang Dong Gun နဲ့ Park Hyung Sik တို့ကတော့ မီဒီယာတွေရဲ့ အထူး အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။

  

Jang Dong Gun ကတော့ မြန်မာပရိသတ်တွေကြားမှာ ဒါရိုက်တာရင်ဆိုပြီး နာမည်ကြီးခဲ့သူပါ။ All About Eve ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲထဲကတော့ Jang Dong Gun  အတွက် အောင်မြင်မှုမှတ်တိုင် စိုက် ထူနိုင်ခဲ့တဲ့ ဇာတ်ကား တစ်ကားပါ။အသက် (၄၆)နှစ်ဆိုပေမယ့် အခုထိ နုပျိုနေစဲဖြစ်ပြီး မိန်းကလေးပရိသတ်တွေ ရဲ့ သဲသဲလှုပ် ၀န်းရံအားပေးခြင်းကို ရရှိပိုင်ဆိုင်ထားဆဲ ၀ါရင့်အနုပညာရှင် မင်းသားတစ်ယောက်ပါ။

Park Hyung Sik ကတော့ အသက် (၂၆)နှစ်ပဲရှိသေးတဲ့ ကိုရီးယားအနုပညာလောကရဲ့ တက်သစ်စ မင်းသားတစ်ယောက်ပါ။ High Society (2015), Hwarang: The Poet Warrior Youth (2016) ဇာတ်ကား တွေနဲ့ လူသိများခဲ့သူပါ။Strong Woman Do Bong-soon (2017) ဆိုတဲ့ ဇာတ်ကား ထဲက Ahn Min-hyuk ဆိုတဲ့ ဇာတ်ကောင်နဲ့ နာမည်ကြီးခဲ့သူပါ။ပရိသတ်တွေက သူ့ကို “မင်မင် ” ဆိုပြီး  နာမည်ကြီးခဲ့သူပါ။ဒါကြောင့် “Suits ” ကိုကြည့်တဲ့ ပရိသတ်တွေက”ရင်ရင်” နဲ့ “မင်မင်” မှာ ဘယ်သူ့ဘက်ကို နှလုံးသား ပိုအလေးသာမလဲ ဆိုတာကတော့ စောင့်ကြည့်ရအုံးမှာပါ။

Jang ကို ဒီကားမှာ Choi Kang-seok ဆိုတဲ့ နာမည်ကြီးရှေ့နေတစ်ယောက် အဖြစ် တွေ့ရမှာပါ။ Park  ကတော့ ဒီကားမှာ ကောလိပ်ဘွဲ့မရ၊ ရှေ့နေအသိမှတ်ပြုလိုင်စင် မရရှိထားဘဲ Choi Kang-seok က အလုပ်ခန့်အပ်ထား သူ၊Choi Kang-seok  ရဲ့ ပါတနာအဖြစ် တွေ့ရမှာပါ။ဒီဒရမ်မာကားမှာတော့ အပိုင်း (၁၆)ပိုင်း ပါဝင်မှာဖြစ်ပြီး ဧပြီ (၂၅) ကစပြီး KBS 2TV မှာ ဒေသစံတော်ချိန် ည(၁၀)နာရီမှာ ထုတ်လွှင့်ပြသနေပါပြီ။ဒီကားကတော့ (၆)နှစ်အတွင်း Jang Dong Gun ပြန်ရိုက်တဲ့ ပထမဆုံးဇာတ်ကားပါ။

 

Source yonhapnews