GOT7 ကတော့ JYP Entertainment နဲ့ မကြာသေးခင်ကပဲ စာချုပ်သက်တမ်း ပြည့်သွားခဲ့ပြီး နှစ်ဖက်လုံးက စာချုပ်ဆက်မချုပ်ဖြစ်တော့တဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။ အသီးသီး ကိုယ်စီ အနုပညာအလုပ်တွေ ဆက်လုပ်သွားကြမယ်လို့ သတင်းတွေလည်း ထွက်ရှိထားပါတယ်။

 

တစ်ချို့တွေကတော့ မွေးရပ်မြေကို ပြန်သွားတာမျိုးလည်း ရှိပေမယ့် GOT7 ရဲ့ Jackson နဲ့ Youngjae ကတော့ စာချုပ်အသစ်တွေ ချုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ သတင်းတွေအရ Jackson နဲ့ Youngjae တို့က Sublime Artist Agency က တာဝန်ရှိသူတွေနဲ့ ဒီကိစ္စအတွက် တွေ့ဆုံမှုတွေ ရှိနေတယ်လို့ သိရထားကြောင်း allkpop ကနေ ဖော်ပြထားခဲ့ပါတယ်။

 

ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ Sublime Artist Agency ကလည်း ဒီအချက်ကို အတည်ပြုပေးခဲ့ကြပါတယ်။ Jackson နဲ့ စာချုပ်ချုပ်နိုင်ဖို့ ဆွေးနွေးနေတယ်ဆိုတာ တကယ်ပဲ အမှန်ပဲ ဖြစ်ပါတယ်လို့ ဖော်ပြခဲ့ပြီး Youngjae နဲ့ စာချုပ်ချုပ်ဖို့အတွက်ကိုတော့ ဆွေးနွေးနေဆဲအဆင့်မှာပဲ ရှိပါတယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

 

လက်ရှိအချိန်မှာတော့ Sublime Artist Agency က Rain, Song Kang Ho, EXID’s Hani နဲ့ Lim Na Young စတဲ့ နာမည်ကျော် အနုပညာရှင်တွေ ရှိနေတဲ့ Agency တစ်ခုလည်း ဖြစ်ပါတယ်။

 

ပရိသတ်တွေကတော့ စာချုပ် အမြန် ချုပ်ရင် ကောင်းမယ်လို့ မျှော်လင့်နေကြပြီး Solo လှုပ်ရှားမှုတွေကိုလည်း မြင်ချင်နေကြပြီလို့ မှတ်ချက်တွေ ပေးထားခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ချို့ပရိသတ်တွေကတော့ စာချုပ်ပေးချုပ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

Kham