Beenzino က တော့ တောင်ကိုရီးယား ရက်ပ်ပါ အဆိုတော်ပါ။သူက တော့ အနောက်တိုင်းသူလေး Stefanie Michova နဲ့ တွဲ နေတာပါ။အခုဆိုရင် တော့ သူတို့နှစ်ယောက် ချစ်သူ အဆင့် ကနေ လက်ထပ် တော့မယ့် ခင်ပွန်း လောင်း၊ဇနီးလောင်း အဖြစ် ရာထူးတိုးသွားကြပါပြီ။ Stefanie Michova ကို တော့ Beenzino က လက်ထပ် ခွင့် တောင်းခဲ့ပါတယ်။ဇန်ဝါရီ ၁ ရက်နေ့ တုန်းက Beenzino တစ်ယောက် တွဲလာတာ ကြာနေပြီ ဖြစ်တဲ့ ချစ်သူ Stefanie ကို လက်ထပ် ခွင့် တောင်းခဲ့ပါတယ်။ဒီအကြောင်းကိုတော့ All Kop မှာ ဖော်ပြထား တာပါ။
View this post on Instagram
အဲ့ဒီတည်းက ပရိသတ်တွေ က Stefanie Michova ရလိုက်တဲ့ လက်ထပ် ခွင့်တောင်းတဲ့ လက်စွပ်ကို အရမ်း စိတ်ဝင်စားနေခဲ့ကြတာပါ။နောက်ဆုံးမှာတော့ Stefanie Michova တစ်ယောက် သူတို့နှစ်ယောက်ရဲ့ စေ့စပ် လက်စွပ်ကို သေချာ ထုတ်ပြ လိုက်ပါပြီ။ဇန်န၀ါရီ လ ၁၂ ရက်နေ့က ပုံတွေ ကို သူမရဲ့ Instagram မှာ တင်ခဲ့တာပါ။ပုံတွေထဲမှာတော့ လက်စွပ်ကို သေချာရိုက်ပြထားပါတယ်။လက်စွပ်၊အသည်းပုံ၊ငိုနေတဲ့ မျက်နှာ Emoji တွေနဲ့ အတူတူ တင်ထားတာပါ။နှင်းတွေ နဲ့ အပြင်ဖက်မှာ ထွက် ရိုက်ထားတဲ့ ပုံ လည်း ပါပါတယ်။
View this post on Instagram
View this post on Instagram
ချစ်သူဆီက နေ လက်ထပ်ခွင့် တောင်းခံလိုက်ရလို့ အရမ်း ကျေနပ် ပျော်ရွှင် နေတယ်ဆိုတာကိုတော့ Stefanie Michova ရဲ့ ပုံတွေကို ကြည့်ရင် သိနိုင်ပါတယ်။ Beenzino နဲ့ Stefanie တို့ အတွဲလေးက တော့ ၂၀၁၅ မှာ တွဲ နေတဲ့ အကြောင်းကို ကြေညာ ခဲ့ ကြတာပါ။ Beenzino က တော့ ၂၀၁၇ မှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူမရှိတဲ့ အချိန် အတွင်းမှာလည်း Stefanie က ချစ်သူကို သစ္စာ ရှိရှိ နဲ့ စောင့်ဆိုင်း ပေးခဲ့ပါတယ်။တွဲလာတာ ခြောက်နှစ်လောက်ရှိလာတဲ့ အချိန်မှာတော့ အနာဂါတ်ကို Stefanie Michova နဲ့ပဲ ဆက်လက် ဖြတ်သန်း ချင်လို့ လက်ထပ်ခွင့် တောင်းခံခဲ့တာပါ။
View this post on Instagram
View this post on Instagram
#CELENOW