Sooyoungကတော့ Echo Global Group ဆိုတဲ့ အနုပညာအေဂျင်စီတစ်ခုနဲ့ စာချုပ်ချုပ်ဆိုလိုက်ပါပြီ။

Echo Global Groupကတော့ Sooyoungလိုမျိုး အလားအလာကောင်းတဲ့ မင်းသမီးလည်းဖြစ်ပြီး Girls` Generationရဲ့ အဖွဲဝင်လဲဖြစ်တဲ့သူနဲ့ အလုပ်တွဲလုပ်ရမှာ ဖြစ်လို့ အရမ်းကို ၀မ်းသာနေပါတယ်။ ပြည်တွင်းရော ပြည်ပကပါချစ်ခင်ကြတဲ့ Sooyoungရဲ့အတွက် အနုပညာလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်အောင် ကူညီပေးသွားပါမယ်လို့လည်း Echo Global Group က ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။

ဝမ်းသာစရာသတင်းကတော့ နောက်ပိုင်းမှာ Girls` Generationက အဖွဲ့အနေနဲ့ အနုပညာအလုပ်တွေကို ဆက်လုပ်ဖြစ်တဲ့အခါ Sooyoung ကပါဝင်သွားမှာ ဖြစ်တယ်လို့လည်း Echo Global Group ကပြောခဲ့ပါတယ်။

 

Echo Global Groupကတော့ Soohyun (Claudia Kim)၊ Daniel Henney နဲ့Dong Hyunbae တို့အပြင် အခြားသော အနုပညာရှင်တွေနဲ့လည်း အလုပ်အတူတူ တွဲလုပ်လျက်ရှိပါတယ်။

Source:Kstarlive

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။