မင်းသမီးဆောင်းဟေကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က ချစ်ရသူ ဆောင်ဂျွန်ကီနဲ့ ရွှေလက်တွဲခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံဟာ လက်တလောမှာတော့ ဥရောပမှာ ဟန်းနီးမွန်းထွက်နေပါတယ်။ အစောပိုင်းသတင်းတွေမှာတော့ သူတို့စုံတွဲ စပိန်ကို ရောက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆောင်းဟေကိုက သူမရဲ့ ဟန်းနီးမွန်းဓါတ်ပုံတစ်ပုံကို Instagram မှာ နိုဝင်ဘာ (၅)ရက်နေ့က တင်လိုက်ပါတယ်။ ညစာစားနေတဲ့ ပုံဖြစ်ပြီး ခင်ပွန်းဆောင်ဂျွန်ကီပုံ မပါဘဲ သူမတစ်ယောက်တည်းပုံပါ။ အခုလည်း နောက်ထပ် ပုံတစ်ပုံတင်လိုက်ပါတယ်။

  

နိုဝင်ဘာ(၈)ရက်နေ့က သူမရဲ့ Instagram အကောင့်မှာ တင်လိုက်တာပါ။ လှပတဲ့ ရှုခင်းပုံလေးပါ။ အပင်စိမ်းစိမ်းလေးတွေရယ်၊ အရောင်စုံတောက်ပလှပနေတဲ့ ကောင်းကင်ကြီးရဲ့ ပုံပါ။ Caption မှာတော့ ဘာမှရေးမထားပါဘူး။

fan တွေကတော့ “ကလေးရတဲ့ သတင်းကောင်းကိုစောင့်နေတယ်၊ ဆောင်ဂျွန်ကီရော..?၊ ပျော်စရာဟန်းနီးမွန်းခရီးစဉ်ဖြစ်ပါစေ” ဆိုတဲ့ Comments တွေ ရေးထားတာကို တွေ့ရပါတယ်။ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ဟာ မကြာခင်မှာ ဟန်းနီးမွန်းခရီးကနေ ပြန်လာတော့မယ်လို့ kstarlive မှာဖော်ပြထားပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။