ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုကတော့ အာရှရဲ့ နာမည်ကျော် ကိုရီးယားဆယ်လီစုံတွဲတွေထဲက တစ်တွဲပါ။ အောက်တိုဘာက လက်ထပ်ထားတာကြောင့် ကြင်စဦး ဇနီးမောင်နှံပါ။ ချစ်စ ခင်စ ကြင်နာစအချိန်မို့ အရမ်းကို ရိုမန်တစ်ဆန်နေကြတာကိုလည်း တွေ့ရပါတယ်။

တလောတုန်းကလည်း IU ရဲ့ ဖော်ျဖြေပွဲကိုအတူသွားရောက်ကြည့်ရှုအားပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ ခရစ်စမတ်အကြိုနေ့မှာလည်း နှစ်ယောက်သား အတူတူအချိန်ကုန်ဆုံးခဲ့ပါတယ်။ ဆိုးလ်မှာရှိတဲ့ Itaewon ရပ်ကွက်က ဘိုးလင်းကစားရုံကို အတူလာခဲ့ကြတာပါ။ သူတို့စုံတွဲနဲ့အတူ သူငယ်ချင်းအနည်းငယ်ပါလာတာကိုလည်း တွေ့ရပြီး ပုံမှန် ထသွားထလာ ပုံစံမျိုးနဲ့ ထွက်လာကြတာပါ။

သူတို့ဇနီးမောင်နှံကတော့ ဆိုးလ်မှာရှိတဲ့ Shilla ဟိုတယ်မှာ အောက်တိုဘာ(၃၁)ရက်နေ့မှာ လက်ထပ်ခဲ့ကြတာပါ။DOTS ဇာတ်ကားနဲ့ ဖူးစာဆုံခဲ့ကြတဲ့ သူတို့စုံတွဲဟာ လက်ထပ်ပြီးနောက်ပိုင်းမှာတော့ ဇာတ်ကားသစ်ရိုက်ကူးဖို့ အစီအစဉ်သစ်နဲ့ပတ်သက်ပြီး ဘာသတင်းမှ မကြားရသေးပါဘူး။

ပရိသတ်တွေကတော့ ဇနီးမောင်နှံကို DOTS ဇာတ်ကားလို လက်ထပ်ပြီးနောက်မှာလည်း ဇာတ်ကားအတူရိုက်စေချင်ပေမယ့် ဆောင်ဂျွန်ကီကတော့ လက်ထပ်ပြီးနောက်ပိုင်းမှာ ဇနီးနဲ့အတူ ကားရိုက်ဖို့ကိစ္စကတော့ သိပ်မဖြစ်နိုင်လောက်တော့ဘူးလို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။

လက်ထပ်ပြီးနောက် သူတို့ ဇနီးမောင်နှံရဲ့ လှုပ်ရှားမှုတွေကတော့ ဆောင်ဂျွန်ကီကတော့ ဟောင်ကောင်မှာ ကျင်းပတဲ့ 2017 MAMA  ပွဲမှာ အစီအစဉ်မှူးအဖြစ် ပါဝင်ပေးခဲ့ပါတယ်။ ဆောင်းဟေ ကိုကတော့ Korea-China Economic And Trade Partnership ပွဲကို တက်ရောက်ခဲ့ပါတယ်။

from kstarlive