အားလုံးက မျှော်လင့်နေကြတဲ့ Song- Song စုံတွဲကတော့ ပရိသတ်တွေ ဖြစ်စေချင်၊ မျှော်လင့်ထားတဲ့အတိုင်း တ ကယ်ဖြစ်လာခဲ့ပါပြီ။ DOTS ဇာတ်လမ်းတွဲတည်းက အရမ်းကို လိုက်ဖက်လွန်းလို့ အပြင်မှာပါ သူတို့နှစ်ယောက် တကယ်ပဲ နီးစပ်သွားဖို့ ပရိသတ်တွေက ဆုတောင်းမျှော်လင့်ခဲ့ကြတာပါ။ သူတို့စုံတွဲဟာ အောက်တိုဘာ(၃၁)ရက်က လက်ထပ်ပွဲဆင်နွှဲခဲ့ပြီး အခုဆိုရင်တော့ အကြင်လင်မယားအဖြစ်ကို ရောက်ခဲ့ကြပါပြီ။

 ဆောင်ဂျွန်ကီကတော့ အလိမ္မာအိမ်ပါတဲ့ ဇနီးချောလေးကို ရထားသူပါ။ နှစ်ယောက်သား လက်ထပ်ပြီးရင် အိမ်သစ်ကြီးမှာ ပြောင်းနေကြမှာဆိုပေမယ့် ဆောင်းဟေကိုက ဟန်းနီးမွန်းကပြန်ရင် ကိုရီးယားရဲ့ အစဉ်အလာမပျက်ရအောင် ယောက္ခမအိမ်မှာ ခဏလိုက်နေပေးမယ်လို့ သိရပါတယ်။

မကြာသေးခင်က TV Show တစ်ခုမှာတော့ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ရဲ့ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ဆောင်ဂျွန်ကီရဲ့ အဖေကို အင်တာဗျူးခဲ့ပါတယ်။ ချွေးမဆောင်းဟေကို အပေါ်ထားတဲ့အမြင်နဲ့ သဘောထားကိုမေးခဲ့တဲ့အခါမှာတော့……

ပျော်ပျော်ရွှင်ရွှင်မျက်နှာမျိုးနဲ့ “ရုပ်ချောတဲ့ သားတစ်ယောက်ရှိတယ်။ အခုဆိုရင်တော့ အာရှရဲ့ ထိပ်တန်းစတားတစ်ယောက်ကိုပါ ချွေးမအဖြစ်ရလိုက်တယ်” ဆိုပြီး ဖြေခဲ့ပါတယ်။ ဆောင်းဟေကို ကို ချွေးမတော်ခွင့်ရတဲ့အတွက် ကျေနပ် ပျော်ရွှင်နေပုံရတယ်လို့ kstarlive မှာဖော်ပြထားပါတယ်။

သူတို့လက်မထပ်ခင် မင်္ဂလာသတင်းကြေညာတဲ့အချိန်တုန်းကလည်း ဆောင်ဂျွန်ကီရဲ့ မိခင်ဖြစ်သူက “ကျွန်မ စိတ်ချမ်းသာပါတယ်။ ဒါတကယ့်ကို သတင်းကောင်းပါပဲ” ဆိုပြီး ဆောင်းဟေကိုနဲ့ မင်္ဂလာသတင်းကို အပြည့်အ၀ အားပေးထောက်ခံခဲ့ဖူးပါတယ်။ အဲဒီတုန်းက ယောက္ခထီးဖြစ်သူကလည်း သားဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း၊ အရင်တုန်းက လက်ထပ်ခဲ့တာကို ကန့်ကွက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးပေမယ့် ဒါတွေဟာ ကောလဟာလဖြစ်ကြောင်း၊ သားဖြစ်သူ ဆောင်ဂျွန်ကီဟာ မင်းသားတစ်ယောက်အနေနဲ့ရော အိမ်ထောင်ဦးစီးတစ်ယောက်အဖြစ်ပါ တာဝန်ကျေပွန်ဖို့ ကြိုးစားသွားမယ်လို့ မျှော်လင့်ကြောင်း၊ တကယ်လည်း တာဝန်ကျေပွန်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

ref;soompi,koreaboo

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။