ဆောင်ဂျွန်ကီဟာ အောက်တိုဘာ(၃၁)ရက်နေ့က ဆောင်းဟေကိုနဲ့ မင်္ဂလာပွဲ ဆင်နွှဲခဲ့ပါတယ်။ မိန်းမရပြီးနောက် ဆောင်ဂျွန်ကီတစ်ယောက် အရင်ထက် ပိုပြည့်လာတာကို တွေ့ရပါတယ်။ ဆောင်းဟေကိုက စိတ်ချမ်းသာအောင် ထားပုံရပါတယ်။

ဆောင်ဂျွန်ကီတစ်ယောက် မကြာသေးမီက သူ့ငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာပွဲကိုသွားခဲ့တဲ့ ဓါတ်ပုံထွက်ပေါ်လာပါတယ်။ အဲဒီပုံထဲမှာတော့ ဆောင်ဂျွန်ကီက all black ၀တ်ပြီး တက်ရောက်လာခဲ့တာပါ။ ဆောင်းဟေကိုကိုတော့ ပွဲမှာ မတွေ့ရတော့ ဆောင်ဂျွန်ကီက မင်္ဂလာပွဲကို တစ်ယောက်တည်း လာခဲ့ပုံရပါတယ်။

အဲ့ဒီပုံတွေထဲမှာ ပရိသတ်တွေ သိသိသာသာ သတိထားမိခဲ့တာကတော့ ဆောင်းဂျွန်ကီရဲ့ ပိုပြည့်လာတဲ့ ပါးပါ။ ဆောင်ဂျွန်ကီတစ်ယောက် အရင်ကထက် ပိုပြည့်လာပါတယ်။ မိန်းမရပြီးနောက် ပျောက်ချက်သားကောင်းနေတဲ့ ဆောင်ဂျွန်ကီကိုတော့ ဟောင်ကောင်မှာ ‘2017 Mnet Asian Music Awards’ ပွဲမှာ တွေ့ရတော့မှာပါ။ အဲဒီပွဲကတော့ လက်ထပ်ပြီးနောက်ပိုင်း ဆောင်ဂျွန်ကီရဲ့ ပထမဆုံး အလုပ်လို့ KSTARLIVE မှာ ဖော်ပြထားပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။