ဆောင်ဂျွန်ကီကတော့ ဇနီးအလိမ္မာတစ်ယောက်ကိုတင်မဟုတ်ဘဲ သူ့ရဲ့ မိဘတွေအတွက်ပါ ချွေးမ အလိမ္မာလေးကို ရှာနိုင်ခဲ့တာပါ။ သူတို့စုံတွဲဟာ အောက်တိုဘာ(၃၁)ရက်နေ့က Shilla hotel မှာ လက်ထပ်ခဲ့ကြတာပါ။ မီဒီယာတွေ ကိုတော့ ၀င်ခွင့်မပေးပေမယ့် ဇွဲကောင်းလွန်းတဲ့ မီဒီယာသမားတစ်ချို့ကြောင့် မင်္ဂလာဆောင် ဗီဒီယို နဲ့ ဓါတ်ပုံတွေ ကတော့ အွန်လိုင်းမှာ ပလူပျံနေခဲ့ပါတယ်။

လတ်တလောမှာတော့ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ ဟာ ဥရောပမှာ ဟန်းနီးမွန်း ခရီးထွက်နေပါတယ်။ နိုဝင်ဘာ(၁၂)ရက်နေ့ကျရင်တော့ ပြန်လာတော့မှာပါ။ ပြန်လာရင်တော့ Itaewon မှာရှိတဲ့ သူတို့နှစ်ဦးရဲ့ အိမ်သစ်ကြီးမှာ ပြောင်းရွှေ့နေထိုင်ကြမှာပါ။

ဒါပေမယ့် ဆောင်းဟေကိုဟာ ကိုရီးယားရဲ့ အစဉ်အလာမပျက်၊ ရိုးရာမပျက် ဆောင်ဂျွန်ကီရဲ့ မိဘအိမ် (ယောက္ခမအိမ်)မှာ ခဏလိုက်နေသွားမှာပါ။ ယောက္ခမအိမ်မှာလိုက်နေမယ်ဆိုတာကလွဲလို့ သူတို့စုံတွဲရဲ့ တခြားအစီအစဉ်တွေကိုေ တာ့ အခုထိ မသိရသေးပါဘူး။ ဒီအကြောင်းကိုတော့ kstarlive မှာ ဖော်ပြထားတာပါ။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။