ဆောင်ဂျွန်ကီကတော့ အိမ်ထောင်ကျပြီးတည်း က ပျောက်ချက်သားကောင်းနေတာကြာပါပြီ။သူ့ရဲ့ ဇာတ်ကား သစ်ကို မျှော်လင့်နေကြတဲ့ ပရိသတ်တွေအတွက်တော့ သတင်းကောင်းတစ်ခု ရှိပါတယ်။ဆောင်ဂျွန်ကီရဲ့ ဒရမ်မာ ကား သစ်ကို မကြာခင်မှာ မြင်တွေ့ရနိုင်ချေရှိပါတယ်။Descendants of the Sun ဒရမ်စီးရီးနဲ့ The Battleship Island  ရုပ် ရှင်ကား ပြီးတည်းက ဆောင်ဂျွန်ကီရဲ့ ကားသစ်ကို မမြင်ရတာကြာခဲ့ပါပြီ။

ဒရမ်မာ ကားသစ်နဲ့ပတ်သက်တဲ့ သတင်းကတော့ မတ်(၁၂)ရက်နေ့က ထွက်ပေါ်ခဲ့တာပါ။ဆောင်ဂျွန်ကီကို သမိုင်းေ နာက် ခံဒရမ်မာကားသစ်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခံထားရပြီး လက်ခံ၊မခံ ဆိုတာကတော့ ဆွေးနွေး ညှိနှိုင်းနေကြစဲလို့ သိရပါတယ်။ဇာတ်ကားရဲ့ နာမည်ကတော့ “Asadal”  (ယာယီပေးထားတဲ့နာမည်) ပါ။ဆောင်ဂျွန် ကီရဲ့ အေဂျင်စီကလည်း ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုပေးလိုက်ပါတယ်။”ဆောင်ဂျွန်ကီကို ‘Asadal.” ဆိုတဲ့ သမိုင်း နောက်ခံကားမှာ ပါဝင်ပေးဖို့ ကမ်းလှမ်းထားတယ်ဆိုတာ အမှန်ပါ..” လို့ ပြောခဲ့ပါတယ်။လက်ခံ၊မခံကိုတော့ အေဂျင်စီဘက်ကနေ မပြောသေးပါဘူး။

“Asadal,”  ဆိုတဲ့ အဲ့ဒီဇာတ်ကားကိုတော့  Kim Young Hyun နဲ့ Park Sang Yeon တို့က ဇာတ်ညွှန်း ရေးကြမှာပါ။သူတို့နှစ်ယောက်ဟာ “Tree with Deep Roots,” “The Great Queen Seon Deok,” နဲ့ “Six Flying Dragons” ဆိုတဲ့ ဇာတ်ကားတွေ အတွက် ဇာတ်ညွှန်းရေးပေးခဲ့ဖူးပါတယ်။ဒါရိုက်တာကတော့ Kim Jin Won ပါ။ပဲ “Asadal,” ကိုရိုက်ကူးမယ့် ဒါရိုက်တာကတော့ တခြားသူမဟုတ်ပါဘူး။ ဆောင်ဂျွန်ကီတစ်ယောက် ဇာတ်လိုက်မင်းသားနေရာက နေ သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ပထမဆုံး ဒရမ်မာကား “The Innocent Man,” ကိုရိုက် ကူးခဲ့တဲ့ ဒါရိုက်တာ Kim Jin Won ပါ။

source soompi