DOTS ရဲ့ မင်းသားချော ဆောင်ဂျွန်ကီကတော့ (၂၁)ရာစုရဲ့ အချစ်တတ်ဆုံး ယောက်ျားလို့ တောင် ပြောရတော့မယ့် အနေအထားပါ။အင်တာဗျူးတွေတိုင်းမှာ ဆောင်းဟေကို..ကို ဖေးမပြီး အမြဲ တမ်း အမွှင်းတင် ချီးကျူး ပြောဆိုလေ့ရှိပါတယ်။အရင်တည်းက အနုပညာလောကမှာဆိုရင် စီနီယာလည်း ဖြစ်သလို ဆောင်းဟေကို ဟာ သူလေးစား ဂုဏ်ယူရသူပါလို့ အင်တာဗျူးတစ်ခုမှာလည်း ဖြေခဲ့ ဖူးပါ တယ်။ဆောင်းဟေကို အပေါ်ထားတဲ့ ဆောင်ဂျွန်ကီရဲ့စိတ်ကို DOTS ဇာတ်ကားမှာ တည်းက သူ့ရဲ့ အသ က်ဝင်လွန်းတဲ့ သူ့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့အကြည့်တွေကို တစ်ချို့ပရိသတ်တွေက သတိ ထား မိခဲ့ကြပါတယ်။

အခုလည်း ဇူလိုင်(၂၄)ရက်နေ့က အင်တာဗျူးတစ်ခုမှာ ဖြေလိုက်တဲ့ ဆောင်ဂျွန်ကီရဲ့ အဖြေကတော့ ဆောင်းဟေကို မဆိုထားနဲ့ ကြားရတဲ့ မိန်းကလေးပရိသတ်တွေ တောင် ကြွေခဲ့ရပါတယ်။DOTS ဇာတ်ကား အပြီးမှာ ဆောင်ဂျွန်ကီဆိုပြီး နှုတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေရာ ယူနေချိန်မှာ ပရိသတ်အားပေးမှု ကျသွားမှာ မစိုးရိမ်ပဲ လက်ထပ်ဖို့ကို ဒီလောက် မြန်မြန်ကြီး ဆုံးဖြတ်လိုက် ရတာလဲ လို့ မေးခဲ့တာပါ။အဲ့ဒီအမေးကို ဆောင်ဂျွန်ကီက …

“ပြောရရင်တော့ လက်ထပ်ဖို့ကို ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းအရင်း တစ်ချို့ရှိပါတယ်။ေ ကျာ်ြ ကားအောင်မြင်မှုထက် ပိုပြီး အဲ့ဒီတချို့ အရာတွေက ပိုအရေးကြီးပါတယ်။စောစော လက်ထပ်ဖြ စ်ရတဲ့ အဓိကအကြောင်း ပြချက်ဆိုရင်တော့ ဆောင်းဟေကို ဖြစ်နေလို့ပါ။ဆောင်းဟေကို ဖြစ်နေ လို့ပဲ ကျွန်တော့်ဘ၀ရဲ့ ကျန်ရှိနေသေးတဲ့ အချိန်တွေကို သူမနဲ့ အတူ ကုန်ဆုံးဖို့ တကယ့်ကို ထိုက် တန်နေပါပြီ” လို့ ဖြေခဲ့ပါတယ်။ဆောင်းဟေကို ဆိုတဲ့ အကြောင်းပြချက်ကပဲ စောစောလက်ထပ် ဖြစ်ရတဲ့ အကြောင်းပြချက်လို့ ပြောခဲ့တာပါ။

ငယ်ငယ်တည်းကလည်း အသက်ကြီးမှ လက်ထပ်မယ်ဆိုတဲ့ အစီအစဉ်မျိုး မရှိခဲ့ပါဘူးလို့ ဖြေခဲ့ပါ တယ်။ဆောင်ဂျွန်ကီက Cha Tae Hyun ရဲ့ lifestyle မျိုးကို အားကျတယ်၊နေချင် ပါတယ်လို့ ပြောခဲ့ပါတယ်။”သူက မိသားစုကို ဦးစားပေးတဲ့ (family man)တစ်ယောက်ပါ။ကျွန်တော်သူ့ကို တကယ်ပဲ လေးစားမိပါတယ်” လို့ ပြောခဲ့ပါတယ်။အရင်တည်းကလည်း အင်တာဗျူးတွေမှာ ဆိုရင် ဆောင်ဂျွန်ကီက သူ့ဘ၀မှာ မိသားစုက အရေးကြီးကြောင်း၊ခင်ပွန်းကောင်း၊ဖခင်ကောင်း တစ်ယော က် ဖြစ်ချင်ပါတယ်လို့ အမြဲ တမ်း အဖြေပေးခဲ့ဖူးပါတယ်။

 Ref;.soompi