မင်းသားဆောင်ဂျွန်ကီကတော့ ဟောင်ကောင်မှာ ကျင်းပမယ့်  Mnet Asian Music Awards (MAMA) ပွဲကို တက်ရောက်ဖို့ ဟောင်ကောင်သို့ ရောက်ရှိနေပါပြီ။ဒီပွဲမှာတော့ ဆောင်ဂျွန်ကီက အစီအစဉ်မှူးအဖြစ် ပါဝင်သွားမှာပါ။ဒါဟာ လက်ထပ်ပြီးနောက်ပို်င်း ပထမဆုံး အကြိမ် ပရိသတ်တွေ ရှေ့ကို ရောက်လာတာပါ။

MAMA  ကိုတော့ အာရှနိုင်ငံသုံးနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ဗီယက်နမ် ဟိုချီမင်းရှိ  Hoa Binh Theatre  မှာက နိုဝင်ဘာ(၂၅)၊ဂျပန်မှာက နိုဝင်ဘာ(၂၉)နဲ့ ဟောင်ကောင်မှာက ဒီဇင်ဘာ (၁) ရက်နေ့မှာ ကျင်းပမှာပါ။မင်းသားပတ်ဘိုဂန်ကတော့ ဂျပန်က ပွဲမှာ အစီအစဉ်မှူး အဖြစ် ပါဝင်ပေးခဲ့ပါတယ်။

မင်းသားဆောင်ဂျွန်ကီရဲ့ ဟောင်ကောင်လေဆိပ်ရောက် ဓါတ်ပုံတွေကတော့ အွန်လိုင်းမှာ ပလူပျံနေ ပါတယ်။ပုံတွေထဲမှာတော့ ဆောင်ဂျွန်ကီက မျက်မှန်အ၀ိုင်းလေးကို တပ်ထားပါတယ်။မိန်းမရပြီးမှ ဆောင်ဂျွန်ကီတစ်ယောက် အရင်ကထက် သိသိသာသာ ပိုပြည့်လာတာကိုလည်း တွေ့ရပါတယ်။

 

from youtube

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။