(၂၀၁၇)ခုနှစ် Mnet Asian Music Awards (2017 MAMA)ဆုပေးပွဲကိုတော့ မကြာခင်မှာ ကျင်းပတော့မှာပါ။ဒီပွဲ မှာတော့ ဆောင်ဂျွန်ကီနဲ့ပတ်ဘိုဂန်တို့ အစီအစဉ်မှူးအဖြစ် ပါဝင်သွားမယ့်အကြောင်း အတည်ပြုလိုက်ပါပြီ။ဒီပွဲမှာ ဆော င်ဂျွန်ကီကို အစီအစဉ်မှူးအဖြစ် ပါဝင်ဖို့ ကမ်းလှမ်းထားကြောင်းသတင်းတွေ ထွက်နေခဲ့တာကြာပါပြီ။

ဆောင်ဂျွန်ကီက ဟောင်ကောင်မှာ ကျင်းပမယ့် ပွဲမှာ အစီအစဉ်မှူးအဖြစ် ပါဝင်မှာဖြစ်ပြီး ပတ်ဘိုဂန်ကတော့ ဂျပန်မှာ ကျင်းပမယ့် ပွဲမှာ အစီအစဉ် မှူးအဖြစ် ပါဝင်သွားမယ်လို့ Soompi မှာဖော်ပြထားပါတယ်။2017 MAMA  ရဲ့ ကြေညာ ချက် အတိအကျတော့…

   

ဆောင်ဂျွန်ကီက ဟောင်ကောင်မှာ ကျင်းပမယ့် ပွဲမှာ အစီအစဉ်မှူးအဖြစ် ပါဝင်သွားမယ့်အကြောင်း ဂုဏ်ယူစွာ ကြေညာ ပါတယ်လို့ ဖော်ပြထားပါတယ်။ပတ်ဘိုဂန်ကတော့ 2017 MAMA in Japan မှာ အစီအစဉ်မှူး အဖြစ် ပါဝင်သွားမယ်လို့ ဂုဏ်ယူစွာ ကြေညာပါကြောင်း ဖော်ပြထားပါတယ်။

2017 MAMA ဂီတဆုပေးပွဲကိုတော့ CJ E&M က သူ့ရဲ့ music channel Mnet ကနေ ကျင်းပတဲ့ ပွဲပါ။ဒီပွဲကိုတော့ နိုဝင်ဘာ (၂၅) မှစပြီး ဒီဇင်ဘာ (၁) ရက်နေ့ အထိ ဗီယက်နမ်၊ဂျပန် နဲ့ ဟောင်ကောင်တို့ မှာ ကျင်းပပြုလုပ်မှာပါ။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။