Song Jihyoဟာ ဘယ္လိုအက်ႌပံုစံ၊ အရောင်၊ ဒီဇိုင်းနဲ့ မဆို အမြဲလိုက်ဖက်ပြီး လှနေတဲ့သူတစ်ဦးဆိုတာ လူတိုင်းသိကြပါတယ်။

ဒါပေမဲ့ လတ်တလောကမှ ပြုလုပ်ခဲ့တဲ့ MAMA ပွဲမှာတော့ အရင်က သူဝတ်ခဲ့တဲ့ပုံစံတွေနဲ့ မတူဘဲ အနုပညာလက်ရာမြောက်တဲ့ ကိုယ်လုံးပေါ်အင်္ကျီလေးကို ၀တ်လာခဲ့ပါတယ်။

အင်္ကျီရဲ့ အပေါ်ဖက်နဲ့ အောက်ဖက်က ခွဲပြီးတော့ ဖြတ်ချုပ်ထားတာတွေ ရှည်ရှည်ပျော့ပျော့လေးကျနေတဲ့ အင်္ကျီရဲ့ လက်သားလေးတွေက Song Jihyo ရဲ့ အလှကို ပိုပြီးတော့ပေါ်လွင်စေပါတယ်။ သူရဲ့ လှပတဲ့သတင်းကတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း အရမ်းကို ကျော်ကြားနေပါတယ်။

Running Man မှာတွေ့နေကျဖြစ်တဲ့ ချစ်စရာကောင်းပြီး လှပတဲ့ပုံစံမျိုးမဟုတ်ဘဲ ဆွဲဆောင်မှုရှိရှိနဲ့ တမူထူးခြားတဲ့ Song Jihyo ရဲ့ အလှကတော့ အံ့မခန်းပါပဲ။

Source: Koeaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။