Song Ji-hyo ရဲ့ TV show အသစ်ကိုတော့ ပရိသတ်တွေ မကြာခင်မှာ အားပေးရတော့မှာပါ။ သူမရဲ့ အမာခံပရိသတ်တွေကလည်း Show အသစ်အတွက် ဂျီဟိုကို အားပေးခဲ့ကြပါတယ်။ဂျီဟိုက သူမကို အားပေးထားတဲ့ ပရိသတ်တွေက ပေးထားတဲ့ လက်ဆောင်တွေ ရှေ့မှာ ဓါတ်ပုံရိုက်ခဲ့ပါ တ ယ်။ အားပေးကြတဲ့ ပရိသတ်တွေကို အားပေးစကားဆိုခဲ့ပါတယ်။

“ကျမ ဒီနေ့ ဒီပုံကို ရိုက်ခဲ့တယ်…‘Beautiful Life,’ (TV Show အသစ်) ကို အခုလို အားပေး တဲ့ အတွက်၊ကျမကို အားရှိလာအောင် ခွန်အားတွေပေးလို့ ကျေးဇူးတင်ပါတယ်..ဒီ Show အတွက် ကျမ အကောင်းဆုံး ကြိုး စားသွားမှာပါ..Jia-you(အားပေးတိုက်တွန်းတဲ့ တရုတ်စကား)” ဆိုပြီး ပြောခဲ့ပါတယ်။

Beauty ပရိုဂရမ်ဖြစ်တဲ့ “Song Ji-hyo’s Beautiful Life”  ကို အင်္ဂါနေ့က OnStyle and Olive ကနေ ပွဲဦးထွက်တင်ဆက်ခဲ့ပါတယ်။Song Ji Hyo ကို OnStyle’s ‘Song Ji Hyo’s Beautiful Life’ ရဲ့ MC အဖြစ် ပါဝင်မယ့် ကိစ္စကို မတ်လ (၇)ရက်နေ့က သူမရဲ့ အေဂျင်စီ My Company ကနေ အတည်ပြုခဲ့တာပါ။ဂျီဟိုနဲ့ အတူ ဒီပရိုဂရမ်မှာ Goo Jae-yi, Kwon Hyuk-soo နဲ့  Momoland မှ Yeonwoo တို့ ပါဝင် တင်ဆက်သွားမှာပါ။

Source kpopherald