Running Man ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော် Kim Jong Kook  နဲ့ Song Ji Hyo  တို့ကတော့ တွဲနေကြပြီဆိုပြီး ကောလာဟလသတင်းတွေ တောက်လျောက်ထွက်နေကြသူတွေပါ။ပရိသတ်တွေ တော်တော်များများ ကလည်း သူတို့နှစ်ယောက်ကို သဘောတူနေကြပါတယ်။RM မှာ အတူလက်တွဲ အလုပ်လုပ်လာတာ ကြာနေပြီ ဖြစ်တဲ့ သူတို့ နှစ်ယောက်ကလည်း အရမ်းကို ရင်းနှီးပြီး မိသားစုဆက်ဆံရေးလိုကို ဖြစ်နေတာပါ။ဂျီဟိုကတော့ ဂျုံးဝု ရဲ့ မေမေ နဲ့ တွေ့ခဲ့ပါတယ်။

ဂျီဟိုဟာ မတ် (၉)ရက်နေ့ မှာSBS ရဲ့  ‘My Ugly Duckling’  ဆိုတဲ့ အစီအစဉ် ရိုက်ကူးမှု ပြီးစီးခဲ့ပါတယ်။သူမက MC တစ်ယောက်အဖြစ် ပါဝင်ခဲ့တာပါ။ အဲ့ဒီမှာဆိုရင် Kim Jong Kook ရဲ့ အမေက ဂျီဟိုကို သားဖြစ်သူရဲ့ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံခဲ့တယ်လို့ သိရပါတယ်။

Kim Jong Kook နဲ့ Song Ji Hyo တို့ဟာ RM မှာ အတူတွဲပြီး ဆိုးအတူ ကောင်းအတူ လက်တွဲ အလုပ်လုပ်လာတာ (၈)နှစ်လောက်ရှိခဲ့ပါပြီ။ တခြားအမေတွေက ဆိုရင်လည်း ဂျီဟို နဲ့ ဂျုံးဝု တို့က လိုက်ဖက်လို့ တွဲကြဖို့အကြံပြုတာတွေ တောင်ရှိပါတယ်။ဂျီဟိုက MC အဖြစ် ပါဝင် ပေးတဲ့ ‘My Ugly Duckling’ အပိုင်းကိုတော့ မတ်(၁၈)နဲ့ (၂၅)မှာ ပြသမယ်လို့ allkpop မှာဖော်ပြထားပါတယ်။